Unicode
လူတစ်ယောက်ကိုမေ့ပစ်နိုင်ဖို့
အချိန်ဘယ်လောက်ထိလိုတယ်လို့ ထင်လဲ။ငါ့အတွက်တော့ နှစ်ပေါင်း၂၀ကြာတာတောင်
မေ့ပစ်ဖို့အတွက် မလုံလောက်ခဲ့ဘူး။ချစ်နေသေးလားဆိုတဲ့မေးခွန်းအတွက်တော့
အတိတ်ကချစ်ခဲ့တဲ့လူတစ်ယောက်ဆိုတာထက်
မပိုတော့ဘူးပေါ့။ဒါပေမယ့် မေ့ပစ်ဖို့ကျ ခက်တာမှတော်တော်ခက်တာ.....မှတ်ဉာဏ်ထဲကနေ သူမ ရှိခဲ့တဲ့အချိန်တွေကိုပဲ ရွေးပီးဖြတ်ထုတ်လိုက်လို့ရရင်ကောင်းမယ်ဆိုတဲ့
ရူးကြောင်ကြောင်အတွေးမျိုး ငါအမြဲတွေးခဲ့ဖူးတယ်။ငါအချိန်အတော်ကြာ ကိုရီးယားမြေကနေ
ရှောင်ပြေးနေခဲ့တယ်။ ဒီလိုလုပ်ရတဲ့
အကြောင်းကလည်း သူမကြောင့်ပဲပေါ့။တကယ်လို့များ
တစ်နိုင်ငံတည်းမှာ ငါရှင်သန်နေခဲ့ရင်
တစ်နေ့နေ့တော့မျက်နှာချင်းဆိုင်
ပြန်ဆုံတွေ့နိုင်တယ်ဆိုတဲ့
အတွေးခပ်တိမ်တိမ်ကြောင့်........ပြန်ဆုံခဲ့ရင် ဘယ်လိုရင်ဆိုင်ရမလဲ။
ဘာပြောသင့်လဲ....ငါတကယ်လုံးဝသိမနေပါ။ဒါတွေကြောင့်လည်း
သမီးအရင်းတစ်ယောက်လုံးကိုတောင်ပစ်ထားပီး
ငါဂျပန်မှာပဲနှစ်တွေအကြာကြီး နေဖြစ်ခဲ့တယ်။သို့ပေမယ့်လည်း ငါအသက်လေးဆယ်ကျော်လာတဲ့
အချိန် တွေးမိတာလေးတစ်ခုရှိလာတယ်။ကမ္ဘာမြေပေါ်မှာ နေထိုင်ရမယ့် နေ့ရက်က
သေချာရေတွက်ကြည့်ရင် တော်တော်လေးနည်းသွားပီထင်တာပဲ။လူ့ဘဝဆိုတာတိုတိုလေးပဲလေ.....
ငါတို့ဘယ်အချိန်သေရမလဲမသိနိုင်ဘူး။အဲ့လိုအတွေးလေးရပြန်တော့
ငါ့ရဲ့သမီးလေးနဲ့ အချိန်တွေအတူကုန်ဆုံးပီး
နှစ်ရှည်လများထွက်ပြေးလာခဲ့တဲ့
ဒီကိုရီးယားမြေကိုပြန်အခြေချသင့်တယ်လို့
ငါဆုံးဖြတ်ချက်ချခဲ့တယ်။ရယ်တော့လည်းရယ်ရသား.....
ဒီလိုဆုံးဖြတ်ချက်ချခဲ့တာတောင်
အကောင်အထည်ဖော်နိုင်ဖို့
သတ္တိမွေးခဲ့ရတာ အချိန်တစ်ခုကြာတယ်။
YOU ARE READING
Deĵa Vú (Completed)
FanfictionDo you get Deĵa Vú..... {Error တခုကြောင့် အပိုင်းတွေက အစဥ်တိုင်း မဖြစ်တော့ပဲ ဗျောက်သောက်တွေဖြစ်နေပါတယ်ဗျ.. ကျေးဇူးပြုပီး အပိုင်းနံပါတ်လေးတွေသေချာဖတ်ပီး Fic ကိုဖတ်ပေးကြပါအုံးဗျ...} {Error တခုကြောင့် အပိုင်းတွေက အစဉ်တိုင်း မဖြစ်တော့ပဲ ဗျောက်သောက်တြွေဖ...