36

2K 253 54
                                    

Unicode

ကင်မ်နဲ့ဖုန်းပြောပီးသွားတဲ့အခါ အခန်းထဲက
ပြန်ထွက်ပီး ဝရံတာမှာထိုင်ကာ မဂ္ဂဇင်းဖတ်နေတဲ့
မာမီ့ရှေ့မှာ ဝရံတာလက်ရန်းကိုမှီရင်း ရပ်လိုက်သည်။

မဂ္ဂဇင်းဖတ်ရင်း ကိုယ့်ရှေ့မှာ လာရပ်နေတဲ့
အရိပ်တစ်ခုကြောင့် ဂျီဆူ....လီလီ့ကိုမော့ကြည့်လိုက်သည်။

"ပြောစရာရှိလို့လား...."

စာဖတ်နေတာကြောင့် တပ်ထားသည့်
မျက်မှန်အား ဂျီဆူချွတ်လိုက်ပီး
ဘေးက စားပွဲအပုလေးပေါ်
မဂ္ဂဇင်းနဲ့အတူတင်လိုက်သည်။

လီဆာကတော့ သူ့မာမီကိုမကြည့်ပဲ ဝရံတာအောက်ခြေကိုခင်းထားတဲ့ ကြွေပြားပြောင်ပြောင်
တွေကိုပဲ ကြည့်နေသည်။

"မာမီနဲ့စကားသေချာမပြောဖြစ်သေးလို့လေ"

"ဟုတ်သားပဲ...မာမီလည်းလီလီ့ကိုမေးချင်တာတွေရှိနေတာ"

"မာမီ...."

လီဆာတစ်ယောက် သူ့မာမီရဲ့ကုလားထိုင်
အောက်နားလေးမှာ တင်ပျဥ်ခွေထိုင်ချရင်း
မာမီ့လက်တွေကိုဆုပ်ကိုင်လာသည်။

"ကင်မ်နဲ့လီလီ့ကိုသဘောတူတယ်မလားဟင်"

လီဆာဒီမေးခွန်းကိုရင်ထဲသိမ်းထားတာကြာပီ။
ကင်မ်နဲ့ဆက်ဆံရေးကိုဖွင့်ပြောလိုက်သည့်နေ့က
တုန့်ပြန်ခဲ့သည့် မာမီ့အနေအထားဟာ
သိပ်လိုလိုလားလားမရှိတာကို ရိပ်မိပါသည်။

"အကယ်၍မာမီသဘောမတူခဲ့ဘူးဆိုရင်
လီလီဘာလုပ်မှာလဲ"

"ကင်မ့်ကိုမရရအောင် လက်ထပ်မှာ"

ဂျီဆူ့လက်တွေကို ဆုပ်ကိုင်ထားရာကလွှတ်လိုက်ပီး
ဂျီဆူ့မျက်လုံးတွေကို စိုက်ကြည့်ကာ
လီဆာ ပြောလာသည်။

ပြတ်သားလွန်းနေသည့် လီဆာ့အဖြေနှင့်
လီဆာ့မျက်နှာထားကြောင့် ဂျီဆူပြုံးလိုက်မိသည်။

"မာမီကအမွေဖြတ်မယ်ဆိုရင်ရော...."

"လီလီအမွေတွေကိုမမက်ဘူးမာမီ...ကင်မ့်အတွက်ဆို
အကုန်စွန့်လွှတ်နိုင်တယ်"

ဂျီဆူ အသံထွက်ရယ်မောလိုက်သည်။
လီဆာကတော့ သူ့စကားကိုမာမီလှောင်နေသလားလို့ တွေးရင်း မျက်နှာကနီမြန်းသွားတော့သည်။

Deĵa Vú (Completed) Where stories live. Discover now