50

2.8K 280 71
                                    

Unicode

လေးလံလွန်းသဖြင့် ဖွင့်ရန်ခက်ခဲနေသော
မျက်လုံးနှစ်ဖက်အား ဂျန်းနီအားယူဖွင့်နေရသည်။
အနည်းငယ် ပွင့်သွားချိန်မှာ စူးရှစွာ
ဝင်လာသော အလင်းတန်းတစ်ခုကြောင့်
ကောင်းကင်ဘုံများရောက်နေပီလားလို့
စိတ်ထဲအတွေးရောက်လာသည်။

"ဂျန်း....သတိရလာပီလား"

နားထင်ကြောလေးကို ဂျန်းနီဖိထားရင်း
အသံလာရာကို စောင်းငဲ့ကာကြည့်လိုက်တော့
ထိုင်နေပါသော ဂျီဆူ့ကိုတွေ့သည်။

"ဂျန်းအခုဘယ်ရောက်နေတာလဲ"

"ဆေးရုံမှာပါ ဂျန်း....ဘူဆန်ဆေးရုံကြီးမှာ"

ကျွန်မ သက်ပြင်းချမိလိုက်သည်။
ဘာလို့ တစ်ခါတည်းမသေသွားရတာလဲ။
ဘယ်လိုဖြစ်ပီး ဂျီဆူကရောက်လာရတာလဲ။

"မသေသေးလို့စိတ်ညစ်နေတာလား"

"သေချာတာပေါ့"

"အိပ်ဆေးတွေကိုတမင်အများကြီးသောက်လိုက်တာပေါ့ ဟုတ်လား"

ဂျန်းနီက ဂျီဆူ့ကိုကြည့်ကာ ခေါင်းညိတ်ပြလာသည်။
မတွေ့ဖြစ်တဲ့ ရက်အနည်းငယ်အတွင်း
ဂျန်းနီအများကြီးပိန်ကျသွားပါသည်။

မျက်တွင်းတွေဆိုရင်  အတော်လေးချိုင့်ဝင်နေသော
အနေအထားမှာရှိလေသည်။
ဆရာဝန်ပြောပုံအရဆို ဂျန်းနီဟာ
စိတ်ငြိမ်ဆေးတွေ အိပ်ဆေးတွေကို
အလွန်အကျွံသုံးစွဲထားသည်။

"လီလီ့ကိုချစ်ရင် ဘဝကြီးကိုဒီလိုမဖြတ်သန်းနဲ့
ဂျန်းရယ်...."

"မောင့်ကိုချစ်တော့ရော ဂျန်းဘဝက
ဘာများဖြစ်လာတော့မှာမို့လို့လဲ ဂျီဆူရယ်....
အရာအားလုံးပီးဆုံးသွားပီလေ"

"ဒါအရင်သောက်လိုက်ပါအုံး"

ဂျီဆူကိုယ်တိုင်ဖျော်ပေးထားသော
ဓာတ်ဆားရည်ဘူးထဲကနေ ခွက်ထဲကို
ငှဲ့ထည့်ရင်း ဂျန်းနီကိုကမ်းပေးလိုက်သည်။

ဂျန်းနီက တစ်ကျိုက်တည်းမော့ချလေသည်။

"ထပ်သောက်အုံးမလား...."

ခွက်ကိုပြန်ပေးလျက်နှင့် လက်ကာပြလာသည့်
ဂျန်းနီ။  သူမ ထပ်မသောက်တော့ဘူးဆိုတဲ့
သဘောပေါ့။

Deĵa Vú (Completed) Where stories live. Discover now