13

3.2K 360 44
                                        

(Unicode)

"တို့ရဲ့မောင်က အခုမှပဲဖုန်းခေါ်တော့တယ်နော်...."

မနေ့ကလည်းတစ်နေကုန်ပျောက်နေပြီး
ဖုန်းလေးတောင်တစ်ချက်မဆက်....
ဒီနေ့လည်း ညမိုးချုပ်မှပဲ ဖုန်းဆက်တော့တယ်။

ဂျန်း ဆက်လည်းရတာပဲလို့မပြောနဲ့နော်...
မောင့်ကိုအရင်ဖုန်းမဆက်ချင်လို့။

"မောင့်ကိုလွမ်းနေတယ်မလားအန်တီ"

လွမ်းလွန်းလို့
သေတောင်သွားနိုင်တာ သူမှမသိတာ။

ဘာလို့ဒီရက်ပိုင်း
လူကိုပစ်ထားနိုင်လဲဆိုတာလည်း
သိပ်သိချင်တာပဲ....ပြဿနာလည်းရှာချင်သေး။

သို့ပေမယ့်ခပ်လန့်လန့်ရယ်...
တော်တော်ကြာ..ဒီမိန်းမကြီးကို
စိတ်ကုန်သွားမှဟုတ်ပေ့ဖြစ်နေမယ်။

"မလွမ်းပဲနေမလား..မောင်ရောလွမ်းရဲ့လား"

"ဒါပေါ့ဗျာ...အာ့ကြောင့်အခုအိမ်ရှေ့ရောက်နေတယ်
ဆင်းပြီးလာတွေ့ပါလားအန်တီ"

မောင့်စကားကြောင့် ပြတင်းမှန်ကိုကာထားတဲ့
လိုက်ကာကိုအမြန်ပြေးလှပ်ရင်းကြည့်တော့
တကယ်ဖြစ်နေတာပဲ။

ပြိုင်ကားအပြာရောင်လေးနဲ့
ဂျန်း ကိုလည်းမြင်တဲ့ပုံပါပဲ။
လက်လှမ်းပြနေလေတယ်။

အချိန်ဆွဲမနေပဲ အပေါ်ထပ်လေးအမြန်ရုံကာ
​အိန္ဒြေတောင်မထိန်းနိုင် အလျင်စလို
ပြေးဆင်းလာမိသည်။

"ဖြေးဖြေးလာတာမဟုတ်ဘူး...အန်တီကလည်း"

အိမ်ထဲကအတင်းပြေးထွက်လာလို့
ဆူလိုက်ရတာ....လီဆာကထွက်ပြေးမှာကျနေရော။

ပြေးလာတဲ့ပုံကိုက....ဒါပေမယ့်လည်း
အန်တီတကယ်လွမ်းနေတာပဲ။

"မောင်ကမကောင်းတဲ့လူကြီး....
တို့ကိုနှစ်ရက်ကြီးများတောင်ပစ်ထားရက်တယ်"

လီဆာ့လက်တစ်ဖက်ကိုဆုပ်ကိုင်ရင်း
အန်တီဟာနှုတ်ခမ်းလေးစူကာ
မျက်စောင်းလေးနဲ့ပြောလာသည်။

လီဆာ့အန်တီက ဘယ်အချိန်မဆို
လှရက်လွန်းတာပါလား....

"မောင့်မာမီပေါ့...သူခိုင်းထားတဲ့အလုပ်တွေ
ရှိနေလို့အဲ့တာတွေလိုက်လုပ်ပေးနေရတာ"

Deĵa Vú (Completed) Where stories live. Discover now