Unicode
"မောင် ဘာကိုဆိုလိုတာလဲမောင်"
ထမင်းသုပ်ပန်းကန်ကို ဘေးရွေ့ပစ်လိုက်ရသည်။
မောင်ကတော့ အေးအေးလူလူ ပဲခေါက်ဆွဲကို
တရွှတ်ရွှတ်စားနေတာ....မောင်က ကျွန်မကိုမထီမဲ့မြင်ပြုနေတာမဟုတ်ဘူးလား။ အပြစ်လုပ်ထားခဲ့မိတဲ့ သူမလို့သာ
ကျွန်မ ငြိမ်ခံနေတာပါ။ဒီလိုမျိုး ကျွန်မစကားကို အရာမသွင်းတဲ့အခါမျိုးဆို
အရမ်းဒေါသထွက်ရတာပဲ။"မောင် ကင်မ့်ကိုချစ်သူအဖြစ်အပြည့်အဝလက်မခံနိုင်သေးဘူးလို့ ပြောတာလေ"
"တို့တွေပြန်အဆင်ပြေသွားပီထင်နေတာလေ"
"ကင်မ့်ကို မယုံရဲသေးဘူး...အဲ့တာကြောင့်
ကံကြမ္မာကြီးရဲ့ အဆုံးအဖြတ်ကိုခံယူမလို့"မောင်ရယ်...တို့ကိုရှင်းရှင်းလေးပဲ
ပြောပေးလို့ရမလားကွယ်။
တို့ပဲပိန်းနေတာလား....မောင်ကပဲနားလည်နိုင်စွမ်းမရှိအောင် ပြောနေတာလား။"ကင်မ်...မောင်တို့နမ်ဆန်းတာဝါမှာ
နောက်ဆုံးတွေ့ခဲ့တာကို မှတ်မိသေးလား....""အွန်း...တို့မှတ်မိတယ် မောင်"
ပီးခဲ့တဲ့ ဒီဇင်ဘာကဖြစ်ပီး ပထမဆုံးနှင်းကျတဲ့နေ့။
မောင့်ကို ပြေးဖက်ပီးငိုပစ်ချင်ခဲ့ပေမယ့်
မောင့်ရှေ့က ထွက်လာခဲ့ပီးမှ ငိုနိုင်ခဲ့တဲ့အချိန်။မောင့်ရဲ့ကုတ်အကျီကို နောက်ဆုံးအငွေ့အသက်အဖြစ် သိမ်းထားနိုင်ခဲ့တာလေ။
"ကင်မ်...အဲ့တာဝါကိုဘာသွားလုပ်ခဲ့တာလဲ"
"တို့....တို့ သော့သွားခတ်ခဲ့တာမောင်၊
မောင်နဲ့တို့နာမည်ကို သော့ဂလောက်မှာရေးပီး
တို့ သော့ခတ်ခဲ့တာ""သေချာလား..."
"သေချာတာပေါ့ မောင်ရဲ့...ဘူးလေးထဲ
အဲ့သော့ကိုထည့်ပီး သိမ်းထားတာ...
အိမ်မှာတောင်ရှိသေးတယ်"မောင်က ခေါင်းတညိတ်ညိတ်နဲ့ ပြုံးနေပြန်သည်။
မောင့်စိတ်ထဲ ဘာတွေတွေးနေလဲဆိုတာ
တကယ်မသိနိုင်ဘူး။မောင်က ကျွန်မကိုစိတ်ဆိုးမနေခဲ့ဘူး ထင်ထားသော်လည်း ဒီလိုမျိုးအသာတကြည် လက်မခံတာကို
ကြည့်ခြင်းအားဖြင့်တော့ မောင်စိတ်ဆိုးနေသေးတာပဲ။
YOU ARE READING
Deĵa Vú (Completed)
FanfictionDo you get Deĵa Vú..... {Error တခုကြောင့် အပိုင်းတွေက အစဥ်တိုင်း မဖြစ်တော့ပဲ ဗျောက်သောက်တွေဖြစ်နေပါတယ်ဗျ.. ကျေးဇူးပြုပီး အပိုင်းနံပါတ်လေးတွေသေချာဖတ်ပီး Fic ကိုဖတ်ပေးကြပါအုံးဗျ...} {Error တခုကြောင့် အပိုင်းတွေက အစဉ်တိုင်း မဖြစ်တော့ပဲ ဗျောက်သောက်တြွေဖ...