Unicode
ကင်မ့်အိမ်ကထွက်လာခဲ့ပီး taxi လည်း
မစီးနိုင်သေးပဲ ရောက်တတ်ရာရာ
လျှောက်သွားနေမိသည်။မောင်က လေနှင်ရာလွင့်ရမယ့်အဖြစ်မျိုး
ဖြစ်နေပီထင်သည်။ကင်မ့်အခန်းထဲကထွက်ခဲ့ပီး ကင်မ့်ရဲ့အိမ်ကြီးကို
ကျောခိုင်းထွက်ပြေးခဲ့သည့် တစ်လျှောက်
ကင်မ့်အလုပ်သမားတွေဟာ မောင့်ကို
အကြည့်မလွဲနိုင်ပဲ သနားနေဟန်ငေးနေကြသည်။သူစိမ်းတွေကတောင် မျက်ရည်ကျမတတ်
သနားနေကြတဲ့ဟာကို ကင်မ်ကကွာ...
ကင်မ်တကယ် အသည်းနှလုံးမရှိတဲ့မိန်းမပဲ။မောင့်ကို
နည်းနည်းလေးတောင် မသနားဘူးလားကင်မ်ရယ်။မောင့်ကိုသနားပီးတော့ပဲဖြစ်ဖြစ်
မောင့်ဆီပြန်လာခဲ့ပေးရင် သိပ်ကောင်းမှာပဲ။မောင့်ခြေလှမ်းတွေဟာလည်း ဒယိမ်းဒယိုင်နှင့်
ပလက်ဖောင်းပေါ်မှာ ယိုင်နဲ့နဲ့ လျှောက်လှမ်းနေရင်း
နားထဲ လမ်းပေါ်က ကားသံတွေလည်းဆူညံနေသည်။မောင် သေတော့မယ်ထင်တယ် ကင်မ်.....
မောင့်ခေါင်းတွေ သေမတတ်ကိုက်ပီးမူးနေသည်။ကင်မ်ကလေ....မောင့်ကိုလက်စားချေခဲ့တာတဲ့။
မာမီက ကင်မ်သိပ်ချစ်ခဲ့ပါတယ်ဆိုတဲ့
အချစ်ဦးတဲ့လေ။ကင်မ့်ဆီက အဲ့စကားကြားရတဲ့အချိန်
ကိုယ့်နားကို မယုံနိုင်ဖြစ်ခဲ့ရသည်။လေဆိပ်မှာ ကင်မ့်ကိုတွေ့တဲ့အချိန်က
အံ့သြနေတဲ့ မာမီ့ပုံရိပ်....
ရုတ်တရက် နေထိုင်မကောင်းထဖြစ်ခဲ့တဲ့ ကင်မ်။မောင်တို့နှင့်အတူ မရှိချင်လို့
စားသောက်ဆိုင်မှာနေခဲ့ပီး သူ့ဘာသူပြန်လာမယ်လို့
ပြောခဲ့တဲ့ မာမီ့စကားတွေ။Can't help falling in love with you
သီချင်းကို ကင်မ်နှင့်မာမီက သိပ်သဘောကျကြတာပဲ။မောင့်မှာ ဘာအပြစ်တွေများရှိလို့
ကင်မ်က အခုလိုလုပ်ရက်ရတာလဲ။မောင်အနာကျင်ရဆုံးစကားကတော့
ကင်မ်ဟာ ဟိုသင်္ဘောသားကင်မ်ဂျုံအင်နဲ့
လက်ထပ်တော့မယ်တဲ့လေ။
YOU ARE READING
Deĵa Vú (Completed)
FanfictionDo you get Deĵa Vú..... {Error တခုကြောင့် အပိုင်းတွေက အစဥ်တိုင်း မဖြစ်တော့ပဲ ဗျောက်သောက်တွေဖြစ်နေပါတယ်ဗျ.. ကျေးဇူးပြုပီး အပိုင်းနံပါတ်လေးတွေသေချာဖတ်ပီး Fic ကိုဖတ်ပေးကြပါအုံးဗျ...} {Error တခုကြောင့် အပိုင်းတွေက အစဉ်တိုင်း မဖြစ်တော့ပဲ ဗျောက်သောက်တြွေဖ...