11

3.2K 343 72
                                    

(Unicode)

"ကဲ...ရောက်ပါပြီဗျာ...ဆင်းလို့ရပြီ"

ကုန်တိုက်ကိုရောက်တော့ ပါကင်ထိုးပြီး
အန်တီ့အားရောက်ပြီးဖြစ်ကြောင်းပြောပေမယ့်
ဘာမှပြန်မပြောပဲ လီဆာ့ကိုသာ
စိုက်ကြည့်နေလေသည်။

နည်းနည်းတောင် ကြက်သီးထမိတယ်။
ဘာများမကျေနပ်တာရှိပြန်လဲမသိဘူး။

"ဒီပုံစံနဲ့ဆင်းမလို့လား..မောင်"

လီဆာ့အကျီကိုမျက်စ,ပစ်ပြရင်း
အန်တီဟာ နှုတ်ခမ်းလေးအနည်းငယ်
ဆူကာမကျေမနပ်လေးပြောလာတယ်။

အန်တီပြောမှ ကြည့်လိုက်တော့
ဘာများလဲလို့.....
လီဆာရှပ်အကျီကို ကြယ်သီး
သုံးလုံးဖြုတ်ထားတာကြောင့်ကိုး။

"အဲ့လောက်တောင်ပြချင်နေတာလား"

ငြူတူတူလေးပြောရင်း
အန်တီဟာ လီဆာ့ကြယ်သီးတွေကို
သေချာတစ်လုံးချင်းတပ်ပေးနေလေသည်။

လီဆာကတော့ သဘောကျလွန်းလို့
ပြုံးနေမိတာ ပါးစပ်နားရွက်တပ်ချိတ်မတတ်။

"တို့အပိုင်တွေကိုတခြားသူကြည့်တာမကြိုက်ဘူး"

ကြယ်သီးတပ်ပြီးသွားလို့ မောင့်အား
မော့ကြည့်ရင်းဆိုလိုက်တော့
နည်းနည်းတောင်ရင်တုန်သွားသည်။

မောင့်မျက်နှာနဲ့ အရမ်းနီးကပ်နေတဲ့
အနေအထားဖြစ်နေတာပါလား။

ပြွတ်စ်!!!

"နှာဘူး"

နှုတ်ခမ်းလေးအနမ်းခံရတာကို
နှာဘူးလို့​ပြောပြန်ပြီ။
အန်တီလည်းသဘောမကျတာမဟုတ်ပဲနဲ့။

"အန်တီကတစ်ကိုယ်ကောင်းဆန်တယ်"

"ဟယ်....ဘာများဖြစ်လို့လဲ"

"မောင့်ကိုကျဘယ်သူမှကြည့်တာမကြိုက်ဘူးဆိုပြီး
အန်တီကတော့ရော...ဘာလို့ဒီလိုဝတ်လာတာလဲ၊
ယောကျာ်းတွေသားရေကျကုန်တော့မယ်"

အန်တီဟာ လီဆာ့စကားအဆုံးမှာပဲ
သူ့ပါးစပ်လေးသူလက်နဲ့ကာပြီးတော့
ဟက်ဟက်ပက်ပက်ရယ်နေလေရဲ့။

လီဆာက သူမထက်ငယ်တယ်ဆိုပြီး
မခန့်လေးစားမထီမဲ့မြင်ပြုနေသလိုပဲ။
ဟွန့်...ချစ်လွန်းလို့ ဒီအန်တီကြီးကို
အရာရာအလျော့ပေးအလိုလိုက်ထားတာကို။

Deĵa Vú (Completed) Where stories live. Discover now