1

10.8K 547 83
                                    

(Unicode)

လူသူတိတ်ဆိတ်တဲ့ နေရာလေးတခု
သူမနဲ့အမြဲချိန်းတွေ့နေကျနေရာလေး
အခုလည်းဒီနွေဦးပန်းပင်ကြီးအောက်
ကျွန်မတို့နှစ်ယောက်အတူရှိနေကြသည်။

ရာသီဥတုကအေးလွန်းတဲ့ကြားက
ကျွန်မအချိန်မတော်ကြီးတွေ့ချင်တယ်
ပြောတဲ့အခါ သူမကမငြင်းပဲ
အပြေးကိုလာတွေ့ခဲ့သည်။

"ဂျန်း...."

သူမရောက်လာတည်းက
ကျွန်မစကားတစ်ခွန်းမှမဆိုရသေး။

ခပ်လှမ်းလှမ်းမှာမြင်နေရတဲ့
ပေါင်မုန့်စက်ရုံကြီးကိုငေးရင်းတွေးရင်းပေါ့....

သူမကတော့ အပင်အောက်မှာ
ဆောင့်ကြောင့်လေးထိုင်ကာ
သူမလက်လေးတွေနွေးထွေးအောင်
အာငွေ့ပေးနေလေသည်။

ကျွန်မခေါ်သံကြောင့် ဆတ်ခနဲ
မော့ကြည့်လာတဲ့သူမမျက်ဝန်းလေးတွေဟာ
ညကောင်းကင်ကကြယ်ဖြူလေးတွေထက်
ပို၍ပို၍အပြစ်ကင်းလွန်းလှသည်။

"အခုမှပဲစကားထွက်တော့တယ်။ရည်းစားကို
ချိန်းတုန်းကချိန်းပြီး ဘာမှန်းမသိအကြာကြီး
ဟိုစက်ရုံကြီးကိုပဲငေးရင်းရေငုံနှုတ်ပိတ်နေတာ"

သူမရဲ့မကျေမနပ်ရွတ်ဆိုနေဟန်ကို
ကျွန်မမျက်တောင်မခတ်ကြည့်ကာ
နှလုံးသားထဲထာဝရတံဆိပ်ရိုက်နေသည်။

နောက်ဆိုသူမရဲ့ ချစ်စဖွယ်ရန်တွေ့ပုံတွေကို
ကျွန်မမြင်တွေ့နိုင်မှာမဟုတ်တော့ဘူးလေ။

"ပြောလေဆိုးလေပါလား...ဒီလောက်
ရည်းစားကစိတ်ကောက်ချင်နေတာကို
ကြောက်ပြီးချစ်စကားလေးတွေမဆိုတဲ့အပြင်
ပါးစပ်ကြီးစိပြီးပြုံးနေရတယ်လို့"

သူမဟာ မတ်တပ်ရပ်လိုက်ရင်း
မြေကြီးကိုခြေထောက်သေးသေးတွေနဲ့
အလိုမကျစွာဆောင့်နေလေသည်။

အသဲယားဖွယ်...အူယားဖွယ်။

"ဒါနဲ့..ဂျန်းထက်ပိုပြီးစက်ရုံကိုငေးနေရတဲ့
အကြောင်းလေးလည်းပြောစမ်းပါအုန်းရှင်ရယ်"

"ဂျန်းထက်ဘာတွေများပိုလှပြီးပိုဆွဲဆောင်နေလို့တုန်း"

သူမဒီလိုစကားလေးတွေဆိုတိုင်း
ကျွန်မမှာရင်ထဲလှိုင်းထန်စွာချစ်ရတာ...

Deĵa Vú (Completed) Where stories live. Discover now