(Unicode)
"မနက်စောစော
ဘယ်သွားဖို့ပြင်နေတာလဲ....ကင်မ်ဂျန်းနီ""သူငယ်ချင်းနဲ့တွေ့မလို့ပါဆို"
အိမ်တံခါးဝမှာ ရှူးဖိနပ်ကိုအပြေးစီးရင်း
ထမင်းစားခန်းထဲက အမေ့ကိုအော်ပြောလိုက်ခြင်း။"ညည်းလည်းနော်...အခုတလောခြေလှမ်းတွေကို
ပျက်နေတာ၊ ပြောမပြောချင်ဘူး""မပြောချင်လည်းမပြောနဲ့....ဂျန်း လည်း
နားမထောင်ချင်ဘူး...ဟွန့်"အမေ့အား ထပ်အော်ပြောရင်း
အိမ်ပြင်ကိုအပြေးထွက်ရသည်။ထမင်းစားခန်းထဲက အမေ့ရဲ့ နောက်ထပ်
ပြောစကားတွေကိုတော့ နားမဝင်တော့ပါ။"စောင့်ရတာကြာသွားလား...ဆူ"
Toyota Saloonကားလေးအား
အရစ်ကျနဲ့ပြန်ဝယ်ထားတဲ့ ဆူဟာ
ပထမဆုံးအဖြစ် သူ့ကားပေါ်ကို
ဂျန်း ကိုတင်ချင်ပါတယ်ဆိုလို့ တွေ့ဖြစ်ခြင်း။"လှလိုက်တာ...."
ဆယ်ကျော်သက်ပီပီ အဝါရောင်
ဂါဝန်အတိုအကားလေး ဝတ်ထားပုံများ
သိပ်ကိုချစ်ဖို့ကောင်းနေတာပဲ။ကျွန်မ ရည်းစားကင်ဂျန်းနီက
အရမ်းချစ်ဖို့ကောင်းတာ...
အပိုပြောတာတော့မဟုတ်ပါ။"ဂျန်း...လှတာဂျန်းသိတယ်"
သူမရဲ့ ပြုမူနေကျအမူအရာတွေထဲတစ်ခုဖြစ်တဲ့
ဆံပင်တွေကိုသပ်တင်ရင်း ပြန်ပြောလာသည်။တကယ်ပါ...မျက်စိရှေ့ရောက်နေတဲ့
အလှတရားလေးကို တစ်သက်မမေ့နိုင်တော့ပါ။"ဆူ့ကားလေးကြိုက်ရဲ့လား"
ကားစီယာတိုင်ကို တတောက်တောက်မြည်အောင်
ခေါက်နေရင်း ဂျန်းဘက်ကိုလှည့်မေးလာတဲ့
ဆူ့မျက်နှာလေးဟာ ချောမောလွန်းသည်။အမြဲတမ်းဝတ်နေကျ ပုံစံဖြစ်တဲ့
အဖြူရောင်ရှပ်အကျီလက်ရှည်နဲ့ ဂျင်းဘောင်းဘီကိုဝတ်ထားတာတောင်မှပဲ မရိုးရဘူး။အရမ်းကြည့်ကောင်းတာ......
"ကားပိုင်ရှင်ကိုပိုကြိုက်တယ်"
သူမစကားကြောင့် ကားထဲသူ့ရယ်သံလေးတွေ
ပျံ့လွင့်လာတော့လေသည်။
YOU ARE READING
Deĵa Vú (Completed)
FanfictionDo you get Deĵa Vú..... {Error တခုကြောင့် အပိုင်းတွေက အစဥ်တိုင်း မဖြစ်တော့ပဲ ဗျောက်သောက်တွေဖြစ်နေပါတယ်ဗျ.. ကျေးဇူးပြုပီး အပိုင်းနံပါတ်လေးတွေသေချာဖတ်ပီး Fic ကိုဖတ်ပေးကြပါအုံးဗျ...} {Error တခုကြောင့် အပိုင်းတွေက အစဉ်တိုင်း မဖြစ်တော့ပဲ ဗျောက်သောက်တြွေဖ...