39

2K 265 41
                                    

Unicode

ချယ်ယောင်း.....ကားကို
အရှိန်တင်မောင်းခဲ့တာကြောင့်ရော
လမ်းမှာ ကားရှင်းနေတာကြောင့်ရော
ဂျီဆူ့ဆီကို မိနစ်အနည်းငယ်အတွင်းရောက်သွားခဲ့သည်။

အိမ်ထဲဝင်ဝင်ချင်း ဧည့်ခန်းထဲက ဆိုဖာမှာ
စိုးရိမ်ပူပန်မှုတွေအပြည့်နဲ့ ထိုင်နေပါသော
ဂျီဂျီ့ကို လှမ်းတွေ့လိုက်ရသည်။

"ဂျီဂျီ......"

ဂျီဂျီ့အနားခြေတစ်လှမ်းချင်းတိုးသွားရင်း
ဘေးမှာဝင်ထိုင်ကာ ခေါ်လိုက်ရသည်။

ဂျီဂျီက သူ့အားစောင်းငဲ့ကြည့်လာပီး
မျက်လုံးအိမ်တွေအနည်းငယ်ကျယ်လာကာ
အံ့သြနေဟန်ရှိသည်။

ကားတစ်စီးလုံးခြံထဲဝင်လာပီး
ချယ်ယောင်း သူမ,ဘေးမှာဝင်ထိုင်ပီးတာတောင်
ဂျီဂျီက သတိမထားမိပဲ အခုမှချယ်ယောင်း
ရောက်လာတာကို သိပုံပေါ်သည်။

"မြန်လိုက်တာယောင်းငယ်ရယ်.....
ကားကိုဖြေးဖြေးမောင်းလို့မှာရဲ့သားနဲ့"

"ဒီအချိန် လမ်းမှာဘာကားမှမရှိဘူးလေဂျီဂျီရဲ့...
အဲ့တာကြောင့် မြန်သွားတာပါ"

လမ်းတစ်လျှောက် ချယ်ယောင်းကားတစ်စီးပဲ
ရှိနေတာတောင် ဂျီဂျီ့ကိုစိတ်ပူလို့
အရှိန်တင်မောင်းခဲ့ကြောင်းတော့
ချယ်ယောင်း မပြောပြခဲ့ပါဘူး။

"လီလီ့ကိုသွားရှာရအောင်...ဖုန်းကဘယ်လိုမှဆက်လို့မရဘူး"

အလျင်အမြန်တွေ မတ်တပ်ထရပ်ရင်း
ချယ်ယောင်းကိုပါ ဆွဲခေါ်နေတဲ့ ဂျီဂျီဟာ
မိခင်တစ်ယောက်အနေနှင့် သားသမီးကို
အစိုးရိမ်ကြီးနေပုံ ပေါ်လွင်ထင်ရှားနေသည်။

"သူ့ရည်းစားနဲ့အတူရှိနေတာရောမဖြစ်နိုင််ဘူးလား"

"အဲ့တာဆိုလည်း ဂျန်းနီအိမ်ကိုအရင်သွားပီး
အတည်ပြုလိုက်ရမှ ဂျီဂျီစိတ်အေးမှာကွယ်"

"ဒါဆိုလည်း သွားကြတာပေါ့"

ဂျီဂျီ သူ့ကိုဖုန်းဆက်လှမ်းခေါ်တာကိုပဲ
ကျေးဇူးတင်ရမလိုဖြစ်နေလေပီ။

ဒီပုံစံနဲ့သာ ဂျီဂျီတစ်ယောက်တည်း
လာလီဆာ့ကိုထွက်ရှာရင် မတော်တဆမှုဖြစ်သွားနိုင်သည်။

Deĵa Vú (Completed) Where stories live. Discover now