Final

7.4K 405 60
                                    

"မောင်....တို့ကိုအချိန်လေးထပ်ပေးပါလားကွာ...
တို့ရှာပါ့မယ်"

ကင်မ်ဟာ မျက်ရည်အိုင်ဖြစ်သည်အထိ
ငိုကြွေးနေလေပီ။ မောင်လည်းစိတ်မကောင်းပေမယ့်
ဒီအချိန်မှာ စိတ်ကိုတင်းထားမှဖြစ်အုံးမယ်။

ဘေးနားက တခြားအတွဲတွေကလည်း
မောင်တို့ကို ကွက်ကြည့်ကွက်ကြည့်နှင့်။

"ကင်မ်....အချိန်ပြည့်သွားပီလေဗျာ.....
ကံကြမ္မာက မောင်တို့ကိုအတူမရှိစေချင်ဘူးထင်တယ်၊ အဲ့တော့ ကင်မ်လည်းကိုယ့်ဘဝနဲ့ကိုယ်
ရှင်သန်ပါတော့ ထပ်မငိုရဘူးနော်"

ကင်မ့်မျက်ရည်တွေကို လက်မလေးနှင့်ဖိသုတ်ပေးရင်း ပြုံးပြုံးလေးစကားဆိုလာသော မောင်။
တစ်သက်လုံးဝေးကြမယ့် အခြေအနေတစ်ခုမှာ
မောင်ဟာ ပြုံးနေနိုင်သေးတယ်။

နောက်ပီး ဒီလိုအဓိပ္ပာယ်မရှိတဲ့ ကံကြမ္မာဆိုတာကြီးကို မောင်က မျက်စိမှိတ်ယုံကြည်နေတာတဲ့။

"မောင်....တို့လက်မခံနိုင်ဘူး၊ ကံကြမ္မာက
ခွဲရင်တောင် မောင်နဲ့တို့ ချစ်နေရင်ရပီလေ...
တို့ကိုချစ်တယ်မလား မောင်ရဲ့...ဟင်"

မောင့်လက်မောင်းတွေကိုဆုပ်ကိုင်ရင်း
ကင်မ်ဟာ အသံတွေလုံးထွေးစွာပြောလာသည်။
မောင်ကတော့ သက်ပြင်းဖွဖွလေးချရင်း...

"ကင်မ်...မောင်ကံကြမ္မာကိုပုံအပ်ထားပီးသားလေကွာ၊ အခုပီးဆုံးသွားပီ...အဲ့တော့ မောင်တို့လည်း
ဇာတ်လမ်းပြန်မစရုံပဲ ရှိတာပေါ့"

"မောင်က အရူးပဲ....အဲ့ဘာတစ်ခုမှအသုံးမကျတဲ့
ကံကြမ္မာကို မောင်ကယုံနေတယ်ဆိုတည်းက
မောင်ရူးနေပီမောင်ရဲ့"

လက်မခံနိုင်စရာကောင်းတဲ့ အခြေအနေတစ်ခုမှာ
ကျွန်မကတော့ လုံးဝငြိမ်မနေနိုင်ဘူး။
မောင့်ကိုကိုင်လှုပ်ရင်းကို အသံကျယ်ကျယ်နှင့်
စကားတွေပြောနေခဲ့တာ....

တခြားလူတွေကြည့်လည်း မရှက်နိုင်ဘူး။
ကိုယ့်ကိစ္စနဲ့ကိုယ်ပဲလေ။

"မငိုနဲ့တော့ ကင်မ်...မောင် ကင်မ့်မျက်ရည်တွေကို
ဘယ်လောက်မုန်းလဲ ကင်မ်သိပါတယ်၊
ကင်မ်ထပ်ငိုနေရင် မောင် ကင်မ့်ကိုပါမုန်းမိလိမ့်မယ်"

Deĵa Vú (Completed) Where stories live. Discover now