38

2.1K 279 56
                                    

ခွမ်း!!!!!!

မောင့်လက်ထဲက ဝိုင်ခွက်ပြုတ်ကျသံကြောင့်
အနောက်ဘက်မှာ မြိုင်မြိုင်ဆိုင်ဆိုင်တီးခတ်နေတဲ့
တီးဝိုင်းလည်း အသံတွေတိတ်ကျသွားတော့သည်။

"ကင်မ်...မောင်အခုလေ..နားထဲ လေတိုးတာများပီး
ပေါက်ကရတွေကြားနေတယ်ထင်တယ်"

"မင်းကြားတာမမှားပါဘူး...တို့လမ်းခွဲဖို့ပြောလိုက်တာ"

မောင်ကသာ ကမ္ဘာပျက်နေတာ....
ခြေမကိုင်မိလက်မကိုင်မိနဲ့ ဘာလုပ်ရမယ်မသိ
ဖြစ်ပျက်ပြနေတာ...

ကင်မ်ကတော့ အေးအေးလူလူ ခွက်ထဲက
ဝိုင်လက်ကျန်ကိုအကုန်သောက်ရင်း
စကားပြန်ပြောနေနိုင်သည်။

မောင့်မှာတော့ ရင်ဘတ်ထဲက နာကျင်ရလွန်းလို့
မောင် ဒီနေရာမှာပဲ ငိုချပစ်ချင်လာသည်။

"ဘာအကြောင်းပြချက်နဲ့ ကင်မ်က လမ်းခွဲရတာလဲ"

"တို့...မင်းနဲ့ဆက်မတွဲချင်တော့လို့လေ၊
ရှင်းပါတယ်..အကြောင်းပြချက်ကတော့"

ကင်မ်...ဒီမိန်းမ...ပြောနေပုံများ
အေးဆေးတည်ငြိမ်နေလိုက်တာ..

တို့ကိုထားမသွားပါနဲ့လို့ တဖွဖွပြောနေတဲ့
ဒီမိန်းမက မောင့်ကိုအရင်ထားသွားဖို့ကြံနေတာပဲ။

"မရဘူးကင်မ်...မောင်လုံးဝလက်မခံနိုင်ဘူးနော်"

"ဒါတော့ မင်းသဘောပေါ့...တို့ဘက်ကတော့
မင်းနဲ့ဆက်မတွဲချင်တော့ဘူး"

"မပြောနဲ့...အဲ့ မင်းဆိုတဲ့အသံကြီးကို
နားထောင်ကောင်းလို့ငြိမ်နေတာမဟုတ်ဘူးနော်..
နားထဲကိုးလို့ကန့်လန့်နဲ့ဗျာ..."

မောင်...ထိုင်နေရာကထရပ်ရင်း
ကင်မ့်ကို လက်ညိုးထိုးကာ အော်ပစ်လိုက်သည်။

ဒါလည်း ကင်မ်က
တုန်လှုန်ဟန်နည်းနည်းလေးတောင် မရှိနေဘူး။

မောင့်အနားကိုတောင် တစ်လှမ်းချင်းလျှောက်လာနေသေးသည်။

"ပထမဆုံးအကြိမ်ဆိုတော့ ဒီလိုပဲနာကျင်ရတတ်တယ်၊ မင်းအချိန်ကြာလာရင်အဆင်ပြေသွားလိမ့်မယ်"

မောင့် ဘယ်ဘက်နားအနားကပ်ကာ
အသံတိုးလျလျနှင့် ကင်မ်ကပြောလာခြင်း။

Deĵa Vú (Completed) Where stories live. Discover now