41

2.3K 291 61
                                    

Unicode

ဘယ်လောက်တောင်ငိုထားသလဲဆိုတာ
မောင့်မျက်လုံးလေးတွေကိုတွေ့ရတာနဲ့တင်
ကျွန်မ သဘောပေါက်လိုက်ပါသည်။

မောင့်မျက်လုံးလေးတွေဟာ ဖောင်းအစ်နေပီး
နီမြန်းနေလေသည်။

တစ်ညတည်းနဲ့ မောင်ပုံပျက်ပန်းပျက်ကို
ဖြစ်နေတာပါလားလို့ တွေးမိတော့
ကျွန်မလည်းဝမ်းနည်းရပြန်သည်။

မောင့်ရဲ့ညာဘက်လက်မှာ ပတ်တီးအဖွေးသားလေးတွေ နေရာယူထားသည်။ သေချာပေါက်
မောင် နံရံကိုဖြစ်ဖြစ် တခြားအရာတစ်ခုခုကိုဖြစ်ဖြစ်
စိတ်လိုက်မာန်ပါ ထိုးပစ်လိုက်တာပဲဖြစ်မယ်။

"ကင်မ်....မောင့်ကိုအခွင့်အရေးလေးထပ်ပေးပါလားဟင်"

မောင့်တစ်ကိုယ်လုံးကိုအကဲခတ်ရင်း
အလုပ်ရှုပ်နေချိန် မောင်ဟာ ကျွန်မရပ်နေသည့်နေရာအနား တိုးလာရင်း ခပ်တိုးတိုးဆိုလာသည်။

မောင်ရယ်...တို့ကိုယ်တိုင်လည်း နာကျင်နေရတာတွေကို မောင်မမြင်အောင် ဖုံးကွယ်ထားနေရတာ
ပင်ပန်းတယ်ကွယ်။

မောင့်ဘက်က တို့အပေါ်စိတ်နာပီး
ဘယ်တော့မှပြန်ပေါ်မလာမယ့်အဖြစ်မျိုးကို
တို့ကလိုချင်မိတာကွ။

"မနေ့ညတည်းက စကားကိုအပြတ်ပြောထားပီးသားလေ....လီဆာရယ်၊ မင်းဘာလို့လူလိုနားမလည်ရတာလဲ"

သိပ်မြတ်နိုးရတဲ့ အမျိုးသမီးဆီက
ဒီလိုစကားမာထန်ထန်တွေ လက်ခံရရှိလိုက်တော့
မောင်ဒီနေရာမှာတင် ယိုင်နဲ့ပြိုလဲမတတ်ဖြစ်သွားရသည်။

အိပ်ရာနိုးလာကတည်းက ဆိုးရွာစွာကိုက်ခဲနေတဲ့
ခေါင်းကလည်း ပိုတောင်ဝေဒနာစူးရှလာသည်။

ကင်မ့်ရဲ့ ဆေးဆိုးပန်းရိုက်ကင်းစင်နေသည့်
မျက်နှာကြွကြွလေးအား မယုံကြည်နိုင်ခြင်းများစွာနှင့်
မောင် ငေးမောနေမိသည်။

မောင်....နောက်ထပ်စကားလုံးတွေမထွက်နိုင်တော့တဲ့အထိ ကင်မ့်စကားတစ်ခွန်းက အကျည်းတန်နေတယ် ကင်မ်ရယ်.....

မောင် ချက်ချင်းပင် မျက်ရည်တွေဝဲတက်လာသည်။
အမြင်အာရုံထဲက ကင်မ်ဟာ ဝေဝါးဝါးဖြစ်လာနေပီ။

Deĵa Vú (Completed) Where stories live. Discover now