Part 1 (uni)

93K 880 61
                                    

🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~
အပိုင်း(1)

မိုးသားတွေအုံ့မိုင်းကာရွာလုဆဲဆဲဖြစ်နေတဲ့ ကောင်းကင်ကြီးရဲ့အောက်တစ်နေရာမှာ ဝမ်းနည်းပူဆွေးမှုတွေအများဆုံးမြင်နိုင်တဲ့
ရေဝေးသုသာန်......

*ဖေဖေ ဒီနေ့နဲ့ဆို သမီးကို ခွဲခွာသွားတာ ၅နှစ်တောင်ရှိသွားပြီနော် သတိတွေအရမ်းရနေတာ ဖေဖေရဲ့ ....ညိုကိုနားလည်ပေးနိုင်တဲ့တစ်ဦးတည်းသောဖေဖေက ဘာလို့အစောကြီးထွက်သွားတာလဲဖေဖေရယ်.....

~~~~~~~~~~~~~~~~~~~~

မနေ့ကအဖိုးဆုံးတယ်သူငယ်ချင်းတွေနဲ့ကျောင်းလေ့လာရေးခရီးနဲ့ဂျပန်ကိုရောက်နေတာမို့အဖိုးစျာပနာကိုမမှီလိုက်တာကြောင့် ဒီနေ့မှ အဖိုးရဲ့အုတ်ဂူမှာလာကန်တော့နေတဲ့
ဘုန်းဇာမဏီသစ်.....
အဖိုးအုတ်ဂူဆီရောက်တုန်းရောက်ခိုက် မေမေအုတ်ဂူဆီမရောက်တာကြာနေပြီမို့ မေမေအုတ်ဂူဘက်ဆီထွက်လာလိုက်သည်.....

သူ့အသက်အခု၁၆နှစ်ဆိုတော့မေမေဆုံးတာဆယ်နှစ်ရှိရောပေါ့...မေမေကသူ၆နှစ်သားတည်းကအဆုတ်ကင်ဆာရောဂါနဲ့ဆုံးသွားခဲ့တာ......

~~~~~~~~~~~~~~~~~~~~~~

"ဖေဖေ သမီးဘယ်လိုလုပ်ရမလဲ ဖေဖေ မေမေစကားနားထောင်သင့်လား အခုမှ ဘွဲ့ရခါစ အသက်၂၀အရွယ်သမီးကို ယောကျာ်းအတင်းပေးစားနေတယ် သမီးဘယ်လိုလုပ်ရမလဲ
တီလတ်​ရော ကြီးမေ​ကပါ မေမေဘက်က သမီးဘက်မှာဘယ်သူမှ စစ်ကူမရှိဘူး ဖေဖေရယ် သမီးဘယ်လိုလုပ်ရမလဲ"

"တကယ်တော့လေ သမီးအသုံးမကျတာပါ ဖေဖေရယ်နေကြာခင်းတွေကိို စောင့်ရှောက်ပေးမယ်ဆိုပြီး ဖေဖေနေကြာခင်းတွေကိုလည်းသူများလက်ထဲ ထိုးအပ်ရတဲ့အထိ သမီးလက်ပိုက်ကြည့်နေခဲ့မိတယ်  သမီးအကြီးတစ်ယောက်ဖြစ်ပြီး အိမ်ရဲ့ စားဝတ်နေရေးကို ဘာမှ အသုံးကျအောင်မစီစဥ်ပေးနိုင်ဘူး "

_
_
_
_
_
_
ဘုန်းဇာမဏီသစ်တစ်ယောက် မေမေအုတ်ဂူတွေရှိတဲ့ဘက်ကိုလာရင်း တရှုံရှုံငိုသံလေးကြားလို့ လိုက်ရှာမိလိုက်တော့.....

"ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ်"

ကိုယ်ရင်ခုန်သံကိုကိုယ်အတိုင်းသားပြန်ကြားနေရမိတော့တယ်....
လှရက်လိုက်တဲ့ မိန်းကလေး အသားကသူများတွေလိုဖြူ​နေတာမျိုးလည်းမဟုတ် ညိုနေတာမျိုးလည်းမဟုတ် ဝါဝါဝင်းဝင်းလေးဖြစ်ကာ ထင်းနေတဲ့မျက်ခုံး စင်းနေတဲ့နှာတံ မျက်ဝန်းတွေက လှလိုက်တာ အညိုရောင်မျက်ဝန်းတွေ....
ဒီကောင်မလေးတော်တော်လှတာပဲ...

🌻ဇာမဏီ၏ချစ်ပုံပြင်🌻Место, где живут истории. Откройте их для себя