Part _22

13.7K 548 42
                                    

🌻ဇာမဏီ၏ ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~~~~~~
Part _ 22

ညိုအရှေ့ကမောင်ဟာတစ်ကိုယ်လုံးရေရွှဲစိုနေကာ ညကဝတ်ထားတဲ့ရှပ်အဖြူလေးဟာလည်းရေစိုနေတာကြောင့် မောင့်ရဲ့ခန္ဓာကိုယ်ဝယ်ကပ်နေကာ မောင်ရဲ့ ကြွက်သားခန္ဓာကိုယ်ဖွဲ့စည်းထားပုံ ကျစ်လစ်သန်မာတဲ့ကြွက်သားများကအစ ထင်းကာပေါ်နေတာမို့ ညိုမှာမောင့်ကိုမကြည့်ရဲ့တော့ပဲ မျက်လွှာအောက်ချကာ...

"ဘာမှမဖြစ်ဘူးမောင် ခွက်ကွဲတာ "

"မကိုင်နဲ့ ရှမယ်"

ညိုလက်တွေအပေါ် အုံ့ကိုင်လာတဲ့ မောင့်ရဲ့အေးစက်စက်လက်ချောင်းများကြောင့် ညိုကြက်သီးတွေထသွားကာ ရုန်းတော့ မောင်က ညိုလက်ကို ပြန်ဆွဲထားလေသည်...

"ညိုမျက်နှာတွေ ဘာလို့ရဲနေတာလည်း"

"ညို"

မေးစေ့ကနေသူ့လက်ချောင်းတွေနဲ့မော့ကိုင်လိုက်တော့ မျက်နှာရဲရဲလေးကိုအထင်သားတွေ့လိုက်ရလေသည်....

"ညိုလို့"

"ဟင့်အင်း....မောင်"

"အွန့်"

ပူနွေးနေတဲ့ နှုတ်ခမ်းတွေဟာ ညို့နှုတ်ခမ်းတွေပေါ်ထပ်တူကျလာကာစုပ်ယူငုံထွေးလာကာလျှာဖျားကပါအလုံးအရင်းလိုက် တိုးဝှေ့ကာဝင်ရောက်လာပြီး ညိုရဲ့ လျှာဖျားလေးကို ခပ်မျှင်းမျှင်းနဲ့ ဆွဲစုပ်ယူလာတာမို့ ညို့​ရဲ့ ခြေထောက်တွေဟာ ပျော့ခွေချင်လာတာမို့ ညိုလက်တွေဟာ မောင့်ရဲ့ပခုံးပေါ်မှာအားပြုကိုင်ထားလိုက်တော့ မောင်ဟာ ရုတ်တရက် ညိုကိုယ်လေးကို တင်ပါးကနေစွေ့ချီလိုက်ကာစားပွဲခုံပေါ်သို့ တင်လိုက်ကာ မောင်ရဲ့ ပူနွေးနေကာ အဖျားရှိနေတဲ့ နှုတ်ခမ်းရဲရဲလေးဟာ ညိုလည်တိုင်ထက်ဝယ် စတည်းချကာ ကူးလူယှက်နွယ်နေတော့သည်..

"ဟင့်.....အာ့....မောင်....မောင်"

မောင်ရဲ့လက်တွေဟာ ညိုရဲ့ ရင်သားထက်ကိုနေရာယူလိုက်ချိန် ညိုခပ်မြန်မြန်တားမြစ်လိုက်တော့သည်...

"Sorry.....sorry ....ညို မောင်ခဏစိတ်လွတ်သွားတာ ညိုကိုချစ်တဲ့စိတ်နဲ့မို့  ...မောင် တမင်ဒီလိုလုပ်တာမဟုတ်ဘူး"

🌻ဇာမဏီ၏ချစ်ပုံပြင်🌻Where stories live. Discover now