Part _28

13.3K 665 54
                                    

🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~~~
Part _28

ဇာမဏီ ညိုကို ညနေကြိုဖို့ လာနေတုန်း အလုပ်ကိုမရောက်ခင်လမ်းဘေးမှာ လူနှစ်ယောက်ကအတည်ကို ထူနေလေသည်...

ဟင်အတည်ပါလား ဘာဖြစ်တာပါလိမ့်..

ဆိုင်ကယ်ကိုဘေးချရပ်ကာ ...

"အတည်"

"ဟင် ...ဇာမဏီ အတော်ပဲ လင်း ဇာမဏီဆီဖုန်းဆက်တော့မလို့ "

"အတည်ဘာဖြစ်တာလဲ  အဆင်ပြေရဲ့လား"

"လင်းကို မမေးနဲ့ ဇာမဏီ ညို့ကို ကယ်ပါ ညို ဟိုလူအတင်းခေါ်သွားတယ်"

"ဗျာ...ညို  ညိုဘာဖြစ်တာလဲ "

ညိုဆိုတာနဲ့ ထိန်းမရအောင်ပျက်သွားတဲ့မျက်နှာနဲ့ ဆောက်တည်ရာမရဖြစ်နေတဲ့ ဇာမဏီရဲ့ပုံစံဟာ ညိုဟာသူ့ဘဝမှာဘယ်လောက်အရေးပါလဲဆိုတာ သိသာလှပေသည်.....

"ညိုကို သုခမင်းဇော်ခေါ်သွားတယ် ညိုကိုဘာလုပ်လိုက်လဲမသိဘူး သတိမရှိဘူး "

"ဟာ  ...ဒီ*****"

ဇာမဏီတစ်ယောက်ခေါင်းတွေပူထူကာ ဘယ်လိုက်လို့လိုက်ရမှန်းလဲမသိ...

"ကျွန်တော် "

"လင်းကို စိတ်မပူနဲ့ ကိုကိုဆီဖုန်းဆက်လာခေါ်ခိုင်းလိုက်မယ်  ညိုကိုမြန်မြန်ရှာ"

အတည်ကမျက်ရည်တွေကျကာပြောနေလေသည်...အတည်တောင်စိတ်ဒီလောက်ပူနေရင် သူ့စိတ်ထဲဘယ်လောက်စိုးရိမ်ပူပန်နေမလဲ တွေးဆကြည့်လို့တောင်ရမှာမဟုတ်....
_
_
_
_
_
ရဲစခန်းမှာအရင်တိုင်ချက်ပြေးဖွင့်ကာ သူဘယ်လိုက်လို့လိုက်ရမှန်းမသိ...
ဒေဝီမင်းဇော်ကို ဖုန်းဆက်ကာ သူ့အကို ကားနံပါတ်နဲ့ သွားတတ်တဲ့နေရာတွေကို မေးတော့ မဖြေချင်ဖြစ်နေတာမို့ သက်ဆိုင်ရာနဲ့စကားပြောသင့်နေပြီဆိုပြီးပြောလိုက်ကာမှ ကားနံပါတ်ကိုပြောပြလေတော့သည်....
ထိုစဥ် ကိုလင်းဆီက ဖုန်းဝင်လာလေသည်...

"ကိုလင်းကိုကျွန်တော်ဘယ်လိုမျက်နှာပြရမှန်းတောင်မသိတော့ဘူး"

"မဟုတ်ဘူး ကိုလင်း အတည်အနားသာနေပေးလိုက်ပါ ကျွန်တော်ပဲဒီပြသနာရှင်းမယ် "

🌻ဇာမဏီ၏ချစ်ပုံပြင်🌻Where stories live. Discover now