Part_38

14.2K 491 19
                                    

🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~~~~
Part _38

သူနဲ့ ညို ဧည့်ခန်းမှာထိုင်နေတာ ၁၅မိနစ်လောက်ကြာမှ ဒယ်ဒီကအခန်းထဲကထွက်လာလေသည်...
ဒယ်ဒီကိုမြင်ခိုက် ဇာမဏီအံ့သြသွားလေတော့သည်...
ဒယ်ဒီတအား ပိန်ကျသွားတာပါလား.....

ညိုကတော့မောင့်ဒယ်ဒီကိုတစ်ချက်ပဲကြည့်ကာ ခေါင်းသာငုံ့ထားရလေသည်....
သူတားနေတဲ့ကြားကနေ သူ့သားကို ယူခဲ့တာမဟုတ်လား..
ဘာလို့တားလဲဆိုတာ နားလည်နေသူဖြစ်လို့ ညို့မှာအထွန့်တက်ချင်စိတ်စိုးစဥ်းမျှမရှိပါ....

ဒယ်ဒီထိုင်လိုက်တာနဲ့ သူနဲ့ညိုက ဒယ်ဒီကို ဦးသုံးကြိမ်ချကာ ကန်​တော့လေသည်...

"ဒယ်ဒီတအားပိန်သွားပါလား နေမကောင်းဘူးလား"

"ဒီလိုပါပဲ"

ဦးဘုန်းမြတ်က ကြမ်းပြင်ကိုသာကြည့်ကာ ဖြေလိုက်လေသည်...
ဇာမဏီ ကိုရာဇာမျက်နှာကိုကြည့်လိုက်တော့
ကိုရာဇာက  ခေါင်းခါပြလေသည်...နေမကောင်းဘူးဆိုတဲ့သဘောပေါ့...

"ကျွန်တော်ကို ခွင့်လွှတ်ပါ ဒယ်ဒီ "

"ညိုတို့ကို ခွင့်လွှတ်ပါ အန်ကယ်...မထီမဲ့မြင်ပြုသလိုဖြစ်သွားခဲ့ရင် ညိုကပဲတောင်းပန်ပါတယ်
အန်ကယ်....အန်ကယ်ရဲ့ အဖိုးတန်သားလေးကို ညိုအပိုင်ယူလိုက်မိတဲ့အတွက် အန်ကယ်သားအပေါ် ညိုတစ်သက်လုံး လေးလေးစားစားနဲ့သစ္စာရှိရှိပေါင်းဖက်သွားမှာပါ  လိုအပ်ချက်တွေများတဲ့သူဆိုတာ ကိုယ့်ကိုယ်သိပါတယ်...ဒါပေမယ့် ညိုနဲ့မောင့်ကို နားလည်ပေးပါ အန်ကယ်"

ဦးဘုန်းမြတ်လင်းထိန်က သက်ပြင်းမောကြီးချလိုက်ကာ....

"အိမ်ပေါ်ပြန်တက်ခဲ့ ဇာမဏီ"

ဇာမဏီအကြည့်တွေက ဒယ်ဒီဆီရောက်သွားကာ ဆက်ပြောလာမယ့်စကားကိုနားစွင့်နေလေသည်..

"ခွာညိုသင်းရနံ့ကိုခေါ်ပြီးတော့ပေါ့"

ဇာမဏီမျက်နှာတစ်ချက်ပြုံးသွားကာ...

"ခွင့်ပြုပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်
ဒယ်ဒီ...ဒါပေမယ့် ကျွန်တော်က ကျွန်တော်အိမ်နဲ့ ကျွန်တော် မိသားစုနဲ့ နေသားကျနေပြီ ...အခုလိုကြည်ဖြူပေးတာကိုပဲ ဝမ်းသာလှပါပြီ"

🌻ဇာမဏီ၏ချစ်ပုံပြင်🌻Onde histórias criam vida. Descubra agora