Part 12

14.7K 494 21
                                    

🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~~
Part _12

"လင်းက အဲ့အမှိုက်မိသားစုအကြောင်းကို ညိုလောက်တော့အစုံဘယ်သိမလဲ ဇာမဏီကဘာလို့မေးတာလဲ"

"မနေ့ကညိုနဲ့အတူ မနက်စာစားတာ ဒေဝီမင်းဇော်ရောက်လာတယ် တစ်ဝိုင်းတည်းဝိုင်းဖြစ်သွားတယ်ဆိုပါတော့ အစက ညိုမျက်နှာလေးက ပုံမှန်ဘဲ ဒေဝီလာတည်း စပြီးညှိုးသွားတာ အတည်ရဲ့ "

"ညိုပြောပြလည်းအနည်းအကျဥ်းဘဲ သူတို့ဘာလို့ကွာရှင်းကြလည်းဆိုတာ အတိအကျလင်းလည်းမသိဘူး ဒါပေမယ့် အဲ့တစ်မိသားစုလည်း စွကျင့်မကကောင်းဘူးဆိုတာတော့လင်းသိပါတယ် ဇာမဏီကို လင်းအမြဲပြောပါတယ် ညိုက သာမန်လူတွေထက် ပျော်ရွှင်မှုဆိုတာမသိခဲ့ဘူး ငယ်ငယ်လေးနဲ့ အမေပေးစားတဲ့ယောကျော်းယူရတယ် အဲ့မိသားစုက အမှိုက်ဘဲ အမှိုက်တောထဲကထွက်လူတဲ့ညိုဟာ မိဘရိပ်ခိုလှုံမယ်စိတ်ကူးလည်း မိဘရိပ်က အဝင်မခံချင်ဘူး အဲ့တော့ ဇာမဏီ မင်းဗွေမဖောက်နဲ့နော် ငါ့ရဲ့ညိုကို"

"ဇာမဏီရဲ့ညိုပါဗျာ.....ဒါနဲ့ အခုနက စကားကိုကျွန်တော်သိပ်နားမလည်ဘူး မိဘအရိပ်ကအဝင်မခံဘူးဆိုတာဘာလဲ"

"ညိုအမေက ယောကျာ်းနဲ့ကွဲပြီးလာရင် အိမ်ကိုမလာစေချင်ဘူး အဲ့သဘောပေါ့ "

"ဗျာ .....ဒါကြောင့် ညိုကသီးသန့်နေတာလား"

"အင်း....ဟုတ်တယ်"

"အမှန်တိုင်းပြောရရင်လေကျွန်တော်က ညိုကိုသေလောက်အောင်သာချစ်တာ ညိုအကြောင်းညိုမိသားစုဘာမှသိပ်မသိဘူးဗျာ စိတ်ချပါ အတည် ကျွန်တော်ဟာ ညိုရ​ဲ့ လိုတရလေးဖြစ်စေရပါ့မယ်"
_
_
_
_
_
ဒီမနက်မှာကော ညနေကော ညိုဟိုကောင်လေးကိုမတွေ့ပါ ဘယ်များသွားနေတာလဲ နေမကောင်းဘူးလား ရာသီဥတုကလည်း ဖောက်ပြန်ပြီးမိုးတွေရွာနေတာအေးစိမ့်နေလေသည်....
သူများနေမကောင်းဘူးလား....ညိုဟာတစ်စုံတစ်ယောက်ရဲ့ကျန်းမာရေးကို စိုးရိမ်တတ်နေပြီဖြစ်သည်.....

ညိုကားမှတ်တိုင်ကနေ အိမ်ကိုလမ်းလျှောက်ကာပြန်လာနေလေသည်...ထိုစဥ် ကားတစ်စီးကအရှိန်နဲ့မောင်းလာတာမို့ ရှေ့ကချိုင့်ခွက်ကြီးက ရေတွေက ညိုကိုစင်လာမှာက အသေအချာဖြစ်သည်...ဒါပေမယ့် ညိုဆီကို ရေတွေဟာတစ်စက်တောင်မစင်လိုက်ပါ...ညိုအရှေ့မှာမားမားရပ်လိုက်ကာ ညိုကိုယ်လေးကို ကာပေးလိုက်တဲ့လူတစ်ယောက်....

🌻ဇာမဏီ၏ချစ်ပုံပြင်🌻Tahanan ng mga kuwento. Tumuklas ngayon