🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~~~
Part _31"ထောင်ကထွက်ထွက်လာချင်း ငါ့ကိုနားပူနားဆာလုပ်တာက မိန်းမယူဖို့လား
ဘုန်းဇာမဏီသစ်""ကျွန်တော်သူနဲ့ပဲလက်ထပ်မှာ"
"ငါသဘောမတူဘူးလို့ပြောထားတယ်လေ "
"ကျွန်တော်ကတော့ သူ့ကိုပဲယူမှာ"
"ဒီမိန်းကလေးက ငါပြောထားတာကိုနားလည်လွယ်မယ်ထင်ခဲ့တာ "
ဒယ်ဒီက ဘေးမှာထိုင်နေတဲ့ ကိုရာဇာဘက်ကို ကြည့်ကာပြောလေသည်...
"ကျွန်တော် ဒယ်ဒီကို သူ့ကိုမထိပါနဲ့လို့အနူးအညွတ်တောင်းပန်ခဲ့တယ်လေ"
"ငါကမင်းအဖေကွ ကိုယ့်သားက ဒီလိုတစ်ခုလပ်နဲ့ ဖြစ်နေတာတော့ ငါကလက်သင့်ခံမလားကွ"
"ကျွန်တော်ကသူ့ကိုပဲချစ်တာ ကျွန်တော်နှလုံးသားက သူမှသူဖြစ်နေတာလေ"
"မိန်းမမရှားပါဘူး ငါ့ညီ"
"ကို.. ရာ.. ဇာ!!"
အကိုဖြစ်သူစကားကြောင့် ဇာမဏီစိတ်တိုသွားတော့သည်...
"ကိုရာဇာအတွက်ကမရှားပေမယ့် ကျွန်တော်မှာတော့ ဒီတစ်ယောက်ထဲရှိတာဗျ နောက်အဲ့လိုမပြောနဲ့မကြိုက်ဘူး"
"မင်းအကိုက ဘယ်လောက်ရိုးလဲသိရဲ့နဲ့ အငယ်ကောင် ရှေ့လဦးကျော်အောင်သမီး ရွှန်းပြည့်သာနဲ့စေ့စပ်ပြီး မကြာခင်လက်ထပ်တော့မယ်"
"ကောင်းပါတယ် ကိုရာဇာကျေနပ်ရင်ပြီးရောပေါ့"
"မပြီးဘူးသားငယ် မင်းအကိုယူမယ့် ရွှန်းပြည့်သာရဲ့အခြေအနေကိုသားသိပါတယ် မင်းလက်ထပ်မယ်ဆိုတဲ့တစ်ခုလပ်နဲ့တစ်ခြားစီ ညီအကိုနှစ်ယောက်ရဲ့အိမ်ထောင်ဘက်တွေက ဒီလောက်ကွာနေရင်အဆင်မပြေဘူးသားငယ်"
"ညိုကို သားယူမှာနော် သားကျေနပ်ရင်တော်ပြီပေါ့ "
"မင်းတို့ကအခုတွဲနေတာ တွဲနေရင်ကျေနပ်နေနိုင်ပေမယ့် အိမ်ထောင်သည်ဘဝမှာ မိသားစုချင်းပက်သက်လာရရင်အဆင်မပြေဘူး"
"ကျွန်တော် အိမ်ခွဲနေမယ်"
"သား..ငယ်"
"ဘာဖြစ်လို့လဲဒယ်ဒီ အဓိက နှစ်ဦးနှစ်ဖက်အဆင်ပြေရင်ရပီလေ "
YOU ARE READING
🌻ဇာမဏီ၏ချစ်ပုံပြင်🌻
Romanceတစ်ခုလပ်ဟုတ်လား "မ" တစ်ခုလပ်ဖြစ်နေတာနဲ့ အဲဒီမိန်းကလေးကတန်ဖိုးမရှိဘူးလို့ ဘယ်ခွေး_ူတောင်းစားက မိန့်သွားတာလဲ....... ဘုန်းဇာမဏီသစ် တစ်ခုလပ်ဆိုတဲ့နာမ်စားဟာမိန်းမတစ်ယောက်အတွက် နာကျင်မှုတွေအတိတ်မှာမျက်ရည်များစွာပေးဆပ်ပြီးမ...