Part _30

16.9K 625 31
                                    

🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~~~~~
Part _30

"အတည်..ညိုလှလား"

ခြေမျက်စိအောက်နားထိ ကပ်ကပ်လေးဝဲနေကာ လည်ပင်းလေးကခပ်ကျယ်ကျယ်နဲ့လက်စက ဂါဝန်ဖြူလေးကို တစ်ပတ်လှည့်ကာ လင်းအရှေ့မှာ တက်ကြွနေသော ခွာညိုသင်းရနံ့...

"လှပါ့ရှင့် လှပါ့ လှပါ့ "

"ဟီးဟီး"

"တကယ်တည်း မပြောလိုက်ချင်ဘူး ညိုတို့များ တအားလှချင်နေရှာတာ "

"အတည်ကလည်း မောင့်အရှေ့မှာ ညိုကလှချင်တာပေါ့ "

"ဟုတ်ပါပီရှင် "

မှန်ထဲမှာ ကိုယ့်ကို အလှဆုံး ဖြစ်နေသည်ဟု ယုံကြည့်တဲ့အထိ ဝတ်ဆင်ကာ သဘောကျတော့မှအလှပြင်ခြင်းကို အဆုံးသတ်လိုက်လေသည်....

"မောင့်ကို လွမ်းတယ်....."
_
_
_
_
_
"ဟေ့ အငယ်လေး ငါတို့ဒီမှာ"

နစ်ကီဘတ်ကလှမ်းအော်လိုက်တာမို့ ထောင်ထဲကထွက်လာတဲ့ဘုန်းဇာမဏီသစ်အကြည့်တွေက ကားလမ်းဘေးကိုရောက်သွားလေသည်...
Bentley ကားနက်ပြာလေးရဲ့ ရှေ့ဖုံးပေါ်မှာကိုနစ်ကီကထိုင်နေကာ နောက်ခန်းမှာကကိုအားသစ်ထိုင်နေလေသည်...
ကိုလင်းခေတ်မင်းက ကားကိုမှီကာ လက်ပိုက်ထားရင်းကနေသူ့ကိုမြင်တော့လက်နှစ်ဖက်ကို ဖြန့်လိုက်ကာ လာဖက်ဆိုတဲ့သဘော...

"တကယ်လာကြိုကြတာပဲငါ့အကိုတို့က"

"ဇာမဏီ ရော့ပဲပြားစား "

"ဟာ့ ဘာလုပ်ဖို့လဲ ကိုအားသစ်ကလည်း"

"ကိုရီးယားကားတွေမှာဆို ထောင်ကထွက်လာရင် စားကြတယ်လေ"

"အာ နေပါဗျာ  အထဲမှာ တစ်လလေးနေရတာကိုရေးကြီးခွင်ကျယ်လုပ်နေတယ်"

"ငှက်စုတ်တို့က အထဲမှာနေရတာတောင် ဝလို့လှလို့ပါလား"

"ဒယ်ဒီကအားလုံးအဆင်ပြေအောင်လုပ်ထားပေးတယ်လေ မပင်ပန်းပါဘူး ....ညို့ကိုသေအောင်လွမ်းတာလေးပဲရှိတာ"

"မင်းထွက်လာမှာမင်းအဖေမသိဘူးလား"

"ဟုတ်တယ် ဘယ်ရက်ထွက်ဖြစ်မလဲတမင်မပြောတာ "

"ကဲဗျာ စကားတွေနောက်မှပြောမယ် ကျွန်တော်ကိုညို့ဆီလိုက်ပို့ပေးတော့ ညိုနဲ့တွေ့ချင်လှပီ"

🌻ဇာမဏီ၏ချစ်ပုံပြင်🌻Donde viven las historias. Descúbrelo ahora