🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~~~~
Part _23"ညို ဟိုဟာမလေးကဘာလည်း"
"ဘယ်သူလည်းအတည်"
"ဒေဝီမင်းဇော်"
"ဇာမဏီအနားပဲလိုက်ကပ်နေတာ ဇာမဏီက ညိုမှညိုဒီလောက်လုပ်နေတာတောင် ဒီဟာမလေးက တော်တော်မျက်နှာပြောင်တိုက်တာပဲ အခုလည်း
ကြည့် သူ့မျက်လုံးတွေက ဇာမဏီဆီကနေမခွာဘူး သူ့သူငယ်ချင်းနဲ့လာတယ်လည်းပြောတယ် လင်းတို့အဖွဲ့နားမှာပဲကပ်နေတာ စိတ်တိုလာပီ "လင်းတို့တွေဟိုတယ်ဘေးက မြေကွက်လပ်ကျယ်ကြီးထဲ ဘော်လီဘောပုတ်နေကြစဥ်ရောက်လာကာ အတင်းရောနေတဲ့ ဒေဝီမင်းဇော်ကို Lessonတွေပေးချင်လာပီဖြစ်သည်...
ညိုကတော့ သူ့ ဘဲကို စနိုက်မယ့် အရိပ်ယောင်တွေမြင်နေရတာတောင် အေးတ်အေးစက်နိုင်နေတာကို အသဲယားပေမယ့် ကိုယ့်ဘော်ဒါက နဂိုတည်းကဒီလိုခပ်အေးအေးဆိုတော့ ဘယ်လိုပြောရမလည်း...."ညို အေးတိအေးစက်လုပ်မနေနဲ့ အခုခေတ်ကလေ ကိုယ့်လူကို ကိုယ်ပိုင်ကြောင်းပြနေရဲ့သားကနေ ကြားကနေ စမန်ခုတ်သွားတဲ့ အမ်းကုန်းမတွေ ပေါတဲ့ခေတ်နော်"
"ညိုသိပါတယ် အတည်ရယ် ဒါပေမယ့် ဒေဝီက"
"ဘာလည်း တစ်ချိန်က တူမတော်ခဲ့တာ ဘာညာပြောအုံးမလို့လား အဲ့အမှိုက်မိသားစုက လူတွေကို ငဲ့ညာနေတာတွေ ရပ်တန်းကရပ်တော့ညို ကိုယ့်စိတ်ခံစားချက်အတိုင်းနေစမ်းပါ သူတောင် အားမနာ လာ
စနိုက်ချင်နေတာ ညိုဘက်ကလည်းဘာမှအားနာမနေနဲ့"အတည်ပြောတာကို သဘောပေါက်ပါသည်...ဒါပေမယ့် ဒေဝီနဲ့ မောင့်ကို ပြိုင်လုစရာမလိုအောင် မောင်က ညို့ကို အရေးပေးချစ်ပေးနေတာမို့ ညိုလည်းဘာမှဝင်မပြောသေးတာဖြစ်သည်.....
ညိုနဲ့အတည်လည်းစကားစရပ်သွားကာ ဘောလီဘောပုတ်နေကြတဲ့ အမျိုးသားလေးယောက်ကို
ကြည့်နေလိုက်သည်..
မောင်နဲ့ ကိုလင်းခေတ်မင်းက တစ်ဖွဲ့ ကိုအားသစ်နဲ့ ကိုနစ်ကီကတစ်ဖွဲ့ဖြစ်သည်...
ထိုစဥ်ချွေးသံ တလုံးလုံးနဲ့ မောင်က ညိုတို့ဘက် လျှောက်လာတာမို့ ညိုရေဘူးလေး ကိုင်ကာမောင်ဆီသွားဖို့အထ တစ်ဖက်က ဒေဝီက ရေဘူးကိုင်ကာ မောင့်ထံ ပြေးသွားကာ မောင့်ကို ရေဘူးကမ်းဖို့ လုပ်နေစဥ်....

VOCÊ ESTÁ LENDO
🌻ဇာမဏီ၏ချစ်ပုံပြင်🌻
Romanceတစ်ခုလပ်ဟုတ်လား "မ" တစ်ခုလပ်ဖြစ်နေတာနဲ့ အဲဒီမိန်းကလေးကတန်ဖိုးမရှိဘူးလို့ ဘယ်ခွေး_ူတောင်းစားက မိန့်သွားတာလဲ....... ဘုန်းဇာမဏီသစ် တစ်ခုလပ်ဆိုတဲ့နာမ်စားဟာမိန်းမတစ်ယောက်အတွက် နာကျင်မှုတွေအတိတ်မှာမျက်ရည်များစွာပေးဆပ်ပြီးမ...