🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~~~~
Part _36"ညိုရယ် ဆေးခန်းသွားရအောင် ဒီလောက် အန်နေတာကို"
"ရတယ် မောင် ညိုဘာမှမဖြစ်ဘူး ခဏလေး ငြိမ်ငြိမ်လေးနားနေလိုက်မယ်နော် "
"ညိုကပုံမှန်မှမဟုတ်တာ ဆေးခန်းပြရမယ်နော် လိမ္မာတယ်ထလိုက်"
ဟုတ်တာပေါ့ ညိုပုံမှန်မဟုတ်ဘူး မိန်းကလေးကိစ္စလည်းနောက်ကျနေတယ်...ရင်ထဲပြည့်အီနေတယ် ခေါင်းတွေမူးနေတယ်မောင်...ညိုတစ်သက်လုံးဒါမျိုးလက္ခဏာတွေမဖြစ်ဖူးဘူး မောင် ညိုအထင်မမှားဘူးဆိုရင် ဒါဟာ ညိုနဲ့မောင်ရဲ့ ရင်သွေးလေးညို့ ဗိုက်ထဲ ရောက်နေပြီထင်ပါရဲ့...
တစ်ယောက်တည်းတွေးကားပြုံးရင်း ညိုဟာ နှုတ်ခမ်းတွေတွန့်တက်အောင်ပြုံးမိနေလေသည်...အိပ်ယာပေါ်လှဲနေရင်း မျက်လုံးမှိတ်ကာ ပြုံးနေသော ဇနီးသည်လေးကြောင့် ဇာမဏီတစ်ယောက် နားမလည်နိုင်ဖြစ်နေလေသည်.....
"ညို တစ်ယောက်တည်း ဘာတွေပြုံးနေတာလဲ"
ညိုကခေါင်းလေးသာ အသာရမ်းပြလေသည်....
ညိုသေချာအောင်စောင့်ချင်ပါသေးသည်....ညိုအခုချိန် စစ်လိုက်လို့ မပေါ်ဘူးဆိုရင် မောင်ဝမ်းနည်းသွားမှာလည်းစိုးရိမ်မိတာမို့ တစ်ယောက်တည်းအမျိုးမျိုးတွေးရင်း အချိန်တစ်ခုကိုစောင့်နေလိုက်လေသည်....
_
_
_
_
_
_
"မောင်""ဗျာ"
"ညိုတောင်းဆိုစရာရတစ်ခုရှိတယ်"
"နှစ်ခုတောင်းလည်းမောင်ကပေးမှာ"
"အကောင်းပြောနေတာ"
"ဒီကလည်း အကောင်းပြောနေတာ"
"အယ် အဲ့တာနဲ့ ညိုပြောမှာတောင်မေ့တော့မယ်"
"ပြော ပြော မောင်နားထောင်နေတယ်"
"ညိုလေ မောင် ကိုယ်တိုင်လုပ်ပေးတဲ့ ကိတ်စားချင်နေတယ်"
"ဟင်"
မောင်က စာရွက်တွေပေါ်သံစဥ်လေးတွေချရေးနေရင်း ညို့ကို လှည့်ကြည့်လေသည်...
"ကိတ်စားချင်တာလား ဘာကိတ်စားမလဲ မောင်ဝယ်ပေးမယ်လေ "
"ဝယ်တဲ့ ကိတ်မဟုတ်ဘူး မောင်ကိုယ်တိုင်လုပ်ပေးတဲ့ကိတ်"

YOU ARE READING
🌻ဇာမဏီ၏ချစ်ပုံပြင်🌻
Romanceတစ်ခုလပ်ဟုတ်လား "မ" တစ်ခုလပ်ဖြစ်နေတာနဲ့ အဲဒီမိန်းကလေးကတန်ဖိုးမရှိဘူးလို့ ဘယ်ခွေး_ူတောင်းစားက မိန့်သွားတာလဲ....... ဘုန်းဇာမဏီသစ် တစ်ခုလပ်ဆိုတဲ့နာမ်စားဟာမိန်းမတစ်ယောက်အတွက် နာကျင်မှုတွေအတိတ်မှာမျက်ရည်များစွာပေးဆပ်ပြီးမ...