Part _37

18.2K 576 43
                                    

🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~~~~
Part _37

"ညိုက အရမ်းတော်တာပဲ"

Video Callပြောနေကြတဲ့ သူငယ်ချင်းနှစ်ယောက်...
ညိုသည် ဘယ်သူ့အကူအညီမပါပဲ ဇာမဏီဝေယျဝေစ္စ ဘုန်းမြတ်လင်းထိန်လေးရဲ့ဝေယျဝေစ္စ အိမ်မှုကိစ္စ အရာအားလုံးကို တစ်ယောက်တည်းထောင့်စေအောင်လုပ်နေလေသည်....

"ညိုပင်ပန်းမှာပဲ"

"မောင်က လူငှားထားပေးမယ်ပြောပေမယ့် ညိုက မထားခိုင်းတာ အတည်ရဲ့ ညိုလုပ်နိုင်ပါတယ် သားလေးကလည်း လိမ္မာတယ်လေ "

ဟုတ်သည် ဘုန်းမြတ်လင်းထိန်လေးသည် အတော်ကို အနေအေးသောကလေးလေးဖြစ်သည်...
ကလေးငိုသံဆိုတာဘာကြီးလဲဟု ဇာမဏီကပြန်မေးရလောက်အောင် ကလေးလေးသည် အနေအေးလေသည်....

"လင်းရဲ့ အမွှာသုံးကောင်ဆို တအားဆိုးတာ ညိုရယ် "

"ချစ်စရာလေးတွေပါအတည်ရဲ့ "

ညိုမျက်နှာလေးသည် ကြည်လင်ကာ လန်းဆန်းနေလေသည်...
ကြားထဲစိတ်ကျရောဂါလိုလိုနဲ့ညိုဟာ ပိန်ကျသွားတာမို့ ဇာမဏီလည်းအတော်ကိုစိတ်ပူသွားခဲ့လေသည် ...
ဇာမဏီဘက်က ညို့အတွက်နဲ့ ကြီးကြီးမားမားဆုံးဖြတ်ချက်ချလိုက်တာက  ဘုန်းမြတ်လင်းထိန်လေးကို သူတို့ရဲ့သားအရင်းအဖြစ် မွေးစားဖို့ဖြစ်လေသည်...
ဇာမဏီဆုံးဖြတ်ချက်တွေ မှန်ကန်ခဲ့ပါသည်...ဘုန်းမြတ်လင်းထိန်လေးကို မွေးစားပြီးတည်းက ညိုသည် အများကြီး လန်းဆန်းကာကျန်းမာလာလေသည်.....

အခုလည်း ပြေးချက်လိုက် ဘုန်းမြတ်လင်းထိန်လေးကိုမြူလိုက် လျှော်ပြီးသားအဝတ်များကို လှန်းလိုက်နဲ့လုပ်နေပုံက လုံးဝပင်ပန်းဟန်မပြပဲ လန်းဆန်းတက်ကြွနေလေသည်....
_
_
_
_
"ဒယ်ဒီသားကြီးလား ဟုတ်လား"

"ထိန်လေးက ဒယ်ဒီသားကြီးပေါ့ဟုတ်လား"

အိမ်ရှေ့ဧည့်ခမ်းကြမ်းပြင်မှာ အခင်းခင်းကာ မောင်က အင်္ကျီချွတ်လျက်ပက်လက်ကြီးနေနေပြီး သားလေးကို ရင်ဘတ်ပေါ်တင်ကာ မြူနေလေသည်...

"Ring Ring Ring"

''ဟော သားခဏအောက်ဆင်းနော် ဒယ်ဒီဖုန်းပြောမလို့ "

🌻ဇာမဏီ၏ချစ်ပုံပြင်🌻Where stories live. Discover now