Part_39

16.2K 537 26
                                    

🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~~~~
Part _39

ဆေးရုံမှာလိုအပ်တဲ့ Treatmentတွေလုပ်ပြီး ဆေးရုံကိုဆင်းခဲ့ပေမယ့် ဒယ်ဒီကတော့ အရင်ကလိုသန်သန်စွမ်းစွမ်းမရှိတော့ပဲအိပ်ရာထဲလဲနေတဲ့ဘဝကိုရောက်သွားလေသည်....

"ညီလေး Companyမှာ အလုပ်ဝင်ပါ ကိုယ်တစ်ယောက်တည်း နိုင်မယ်မထင်ဘူး"

ဇာမဏီက ချက်ချင်းအဖြေမပေးသေးပဲ တွေးတောနေဟန်...

ညိုက သားသားကို သိပ်ကာ အောက်ထပ်ကိုဆင်းလာတော့ မောင်က သူ့အနားလာထိုင်ဆိုပြီး လက်ယက်ခေါ်လေသည်....

"ခွာညိုလည်းဇာမဏီကိုပြောပါအုံး Companyမှာအလုပ်ဝင်လုပ်ဖို့ ဖေဖေကအခုဆို ဘာမှမလုပ်နိုင်တော့တဲ့အခြေအနေ တစ်ခုခုဆို အစ်ကိုတစ်ယောက်တည်းဖြစ်နေတာ သူပါ ရှိတော့ တိုင်ပင်ဖော်တိုင်ပင်ဖက် ဆွေးနွေးဖော်ရတာပေါ့"

ညိုသည်မောင့်မျက်နှာလေးကိုကြည့်လိုက်ကာ....

"မောင် ကူပေးသင့်တယ်လို့ထင်တယ် မိသားစုလုပ်ငန်းမဟုတ်လား "

"မနက်ဖြန်စပြီးအလုပ်ဆင်းမယ် ဘာမှတော့မသိဘူးနော် ကိုရာဇာပဲသင်ပေးရမှာ"

"အာ ဒီကောင်ကွာ မိန်းမပြောတာကျ မိနစ်ပိုင်းတောင်မစွန်းဘူး"

"ကျွန်တော်မိန်းမ ဘာပြောပြောမှန်တယ်ဗျ"

"ဟားဟားဟား "

"အေးပါကွာ"

စိတ်ပြေလိုပြေငြား ရယ်မောပြီးကာမှ ရုပ်တွေကပြန်တည်သွားပြီး...

"ဒယ်ဒီကို ကြည့်ပြီးစိတ်မကောင်းဘူး"

"ကိုယ်Nurseငှားထားတယ်သေချာစောင့်ရှောက်ဖို့ပြောထားပါတယ်"

"ညိုလည်း  အိမ်မှာအမြဲရှိနေမှာပဲလေ အန်ကယ်ကို ညိုပြုစုစောင့်ရှောက်မှာပါ မောင့်အဖေက ညို့ဖေဖေပါပဲ "

"အိမ်ကိုခေါ်လာပြီးမှ ညို့ကိုအပူတွေပေးသလိုဖြစ်နေပြီ"

"အို မောင်ကလည်း မသိရင် ညိုက သူစိမ်းလား မောင့်စကားက "

"မဟုတ်ဘူး မောင်က"

"မောင့် မိသားစုအပူက ညို့အပူပါပဲ မောင်ဘာမှအားမနာနဲ့ မောင်သာ အလုပ်အသစ်မှာအဆင်ပြေအောင်လုပ်"

🌻ဇာမဏီ၏ချစ်ပုံပြင်🌻Tempat cerita menjadi hidup. Temukan sekarang