🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~~~
Part _33ဇာမဏီတစ်ယောက်အိပ်နေရာမှ နိုးလာတော့ မျက်လုံးဖွင့်လိုက်ချိန် အနည်းငယ်စိမ်းသက်နေသောမျက်နှာကျက်ကြောင့် ဇာမဏီကျင့်သားမရသေး...သို့ပေမယ့် သူနဲ့ညိုရဲ့မင်္ဂလာဦးအိမ်ခန်းလေးဆိုတဲ့အသိနဲ့ရင်ထဲနွေးထွေးသွားရပေမယ့်ညက သူ့အဖြစ်ကို သတိရသွားတော့ မျက်နှာကြီးရှုံ့မဲ့သွားလေသည်...
အိပ်ယာဘေးကိုကြည့်လိုက်တော့လစ်ဟာနေတာမို့..."ဟင် ..ညိုကော"
အိပ်ယာပေါ်ကနေဝုန်းခနဲထကာ မီးဖိုချောင်ကိုပြေးတော့ မီးဖိုချောင်မှာလည်းမရှိ ရေချိုးခန်းအိမ်သာမှာလည်းမရှိ...ဧည့်ခန်းမှာများလားဟု အော်ခေါ်သော်လည်း..
"ညိုရေ"
"ညို"
"ညို ဒီမှာလေ မောင်ရဲ့ "
ဝရံတာဘက်က အသံကြောင့်အပြေးလေးသွားလိုက်တော့ ညိုကအဝတ်လှန်းနေလေသည်...
မနေ့ကဝတ်ထားသော သူရဲ့ပုဆိုးနဲ့လည်ကတုံးအင်္ကျီအဖြူလေးရယ် ညိုရဲ့ ရင်ဖုံးအင်္ကျီလေးကို အဝတ်လှန်းစင်ပေါ် ချိတ်ထားတာမြင်ရစဥ် ဇာမဏီအပြုံးတွေဖြစ်ထွန်းသွားလေသည်...
တကယ်ကြီးသူနဲ့ညိုဟာ အကြင်လင်မယားဖြစ်သွားခဲ့ပြီပဲ..."ဘာတွေသဘောကျပြီးပြုံးနေတာလည်း မောင်"
"ဒီမှာလေ ညိုအင်္ကျီနဲ့မောင့်အင်္ကျီလေးအတူတူလှန်းထားတာမြင်ပြီးကြည်နူးသွားလို့ပါ"
"အဟင်း မောင်ကတော့လေ"
"တကယ်ပြောနေတာဗျ ညိုနဲ့မောင် တစ်သားတည်း"
မောင်ရဲ့စကားက လေထဲမှာတစ်ဝက်နဲ့တိုးလို့တန်းလန်းဖြစ်သွားကာ မျက်မှောင်ကြီးကုတ်သွားပြန်လေတော့သည်...
"ဟိုဘဲတွေကောင်းမှုနဲ့ တစ်သားတည်းအလုံးစုံမဖြစ်သေးဘူး ညိုရဲ့ ဒီလူတွေ သက်သက်"
"ကဲ သူများကိုပဲ မဲမနေနဲ့ မောင်က အများကြီးစားတာကို ထမင်းစားပြီးပြီးချင်း ဒီအသုတ်တွေစားပစ်တော့ ရင်မပြည့်ပဲနေမလား "
ညက ညိုတိုက်တဲ့ဆေးသောက်ပြီးလည်း မသက်သာ နောက်တော့ ညိုက သူ့ရင်ဘတ်လေးကို ဖွဖွလေးပွတ်ပေးပြီး ဘုရားစာလေးရွတ်ပေးတော့မှ မျက်လုံးတွေမှေးစင်းကာ အိပ်ပျော်သွားခြင်းဖြစ်သည်...မင်္ဂလာဦးညမှာ ဖြစ်တတ်လိုက်တာ.. အလွဲကြီးက တကယ့်ကို မမိုက်လိုက်တာ...

VOCÊ ESTÁ LENDO
🌻ဇာမဏီ၏ချစ်ပုံပြင်🌻
Romanceတစ်ခုလပ်ဟုတ်လား "မ" တစ်ခုလပ်ဖြစ်နေတာနဲ့ အဲဒီမိန်းကလေးကတန်ဖိုးမရှိဘူးလို့ ဘယ်ခွေး_ူတောင်းစားက မိန့်သွားတာလဲ....... ဘုန်းဇာမဏီသစ် တစ်ခုလပ်ဆိုတဲ့နာမ်စားဟာမိန်းမတစ်ယောက်အတွက် နာကျင်မှုတွေအတိတ်မှာမျက်ရည်များစွာပေးဆပ်ပြီးမ...