🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~
Part _ 6ဇာမဏီ မမကိုရှာနေခဲ့တာ တစ်လကျော်သွားပြီဖြစ်သည်..စတိုးဆိုင်မှန်သမျှမှာလည်းလိုက်ရှာသည်...ရှာရင်းနဲ့တစ်ရက်မှာတော့ ဒေဝီမင်းဇော်နဲ့ ဆိုင်တစ်ခုမှာဆုံလေသည်.....
"ဇာမဏီ နင်ဘယ်တုန်းက ပြန်ရောက်နေတာလဲ "
"အော် ဒေဝီ"
"ဟဲ့ ငါမေးတာဖြေလေ နင်ဘယ်တုန်းကပြန်ရောက်နေတာလဲ"
"တစ်လလောက်ရှိပြီ"
"ကောင်စုတ်ရယ် ဒါနဲ့များ ငါတို့ကိုမဆက်သွယ်ဘူး နင်ကလေ အရမ်းနေနိုင်တာဘဲ"
"ငါလည်းရောက်တည်းက အလုပ်တွေများနေတာ"
"ဘယ်လောက်များများဟယ် Mailလေးတစ်စောင်ပို့ဖို့ကို နင်မို့ တွန့်တိုနေတာ"
ဒေဝီကစကားတွေများနေတော့ ဇာမဏီ စိတ်တွေရှုပ်လာသည်...
မမကို မတွေ့မချင်း ဇာမဏီ စိတ်အေးလက်အေးနေနိုင်မှာမဟုတ်...."နင်က ဒီကို ဘာလာလုပ်တာလဲ ဇာမဏီ"
"ကိစ္စလေးရှိလို့ပါ"
"နင်ကကော"
"အိမ်ကဒီနားမှာလေ"
"ဟမ်"
"ငါတို့ အိမ်ပြောင်းသွားတာကြာပီဟ အရင်အိမ်မဟုတ်တော့ဘူး"
မမကိုမတွေ့မချင်းသူ့မှာရင်တွေပူရကာ ဒေဝီကိုမြင်တော့ ပိုရတက်မအေးဖြစ်မိလေသည်...
မမ များ ဦးဆန်းထူးအောင်နဲ့ပြန်အဆင်ပြေသွားပြီများလား....."ဒါနဲ့ လူကြီးတွေကောနေကောင်းတယ်မဟုတ်လား
"အင်း ကောင်းတယ်"
"အန်တီကော နေကောင်းလား"
"မာမီလည်းကောင်းတယ်"
"နင့်လေးလေးဆန်းတို့လင်မယားကော"
ဇာမဏီသူသိချင်နေတာကို ကွေ့ဝိုက်မနေဘဲ တန်းမေးလိုက်လေသည်...
"လေးလေးဆန်းက နေကောင်းပါတယ် တီညိုနဲ့က ကွာရှင်းလိုက်ပြီလေ"
"အော် "
ဒေဝီဆီက ဒီစကားကြားရတာ သူ့ရင်ထဲဘာလို့အေးသွားမှန်းမသိ...

YOU ARE READING
🌻ဇာမဏီ၏ချစ်ပုံပြင်🌻
Romanceတစ်ခုလပ်ဟုတ်လား "မ" တစ်ခုလပ်ဖြစ်နေတာနဲ့ အဲဒီမိန်းကလေးကတန်ဖိုးမရှိဘူးလို့ ဘယ်ခွေး_ူတောင်းစားက မိန့်သွားတာလဲ....... ဘုန်းဇာမဏီသစ် တစ်ခုလပ်ဆိုတဲ့နာမ်စားဟာမိန်းမတစ်ယောက်အတွက် နာကျင်မှုတွေအတိတ်မှာမျက်ရည်များစွာပေးဆပ်ပြီးမ...