Part _ 13

14.4K 589 23
                                    

🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~~
Part _13

"ရနံ့"

ညိုခြေလှမ်းတွေ ထိုအနောက်ကအရိပ်ဆီကအသံကိုကြားရခိုက် ရပ်တန့်သွားတော့သည်...ဒီအသံ ဒီနာမ်စားကိုသုံးတဲ့လူ.....
ညိုသူ့ကို လုံးဝမလှည့်ကြည့်ချင်ပါ ညိုရဲ့အသိအာရုံထဲလုံးဝပြန်မစဥ်းစား ချင်တဲ့လူတစ်ယောက်ဖြစ်သည်....
ညိုခြေလှမ်းကိုခပ်သွက်သွက် ရှေ့ဆက်လိုက်ကာ ထမင်းချိုင့်လေးကို လက်တစ်ဖက်ကိုကျစ်နေအောင်ကိုင်ကာ ကျန်လက်တစ်ဖက်က Bagအိတ်ကြိုးကိုကိုင်လျက်လျင်မြန်စွာလျှောက်လာလိုက်သည်....

"ရနံ့"

ညိုအရှေ့တည့်တည့်ပိတ်ရပ်လိုက်တဲ့ သုခမင်းဇော်...

"နင် ....ဖယ်"

"ငါ ခေါ်နေတာ ဘာလို့ လှည့်မကြည့်တာလဲ ရနံ့"

"နင်နဲ့ငါမပက်သတ်ချင်ဘူး သုခမင်းဇော်"

"ငါပြန်ရောက်တာဒီမနက်ပဲ"

"ငါနဲ့ဘာဆိုင်လဲ"

သူ့အမေ ဒေါ်မေဘလ်အောင်က ညိုနဲ့ပြသနာတက်ပြီးတည်းက သူ့ကို ဘယ်နိုင်ငံပို့လိုက်လဲမသိပါ ကိုယ့်ဘဝအမည်းစက်ရဲ့တရားခံထဲက သူ့အကြောင်းဆို မသိချင်မကြားလောက်အောင် ရွံကြောက်ကြီးဖြစ်နေတာမို့ ဥပေက္ခာပြုခဲ့တာကြာပီကို အခုဘာလို့ ညိုအရှေ့ကိုပြန်ရောက်လာခဲ့ရတာလည်း.......

ညိုသူ့အရှေ့ကနေရအောင်ကျော်ဖြတ်ကာကိုယ့်လမ်းကိုယ်လျှောက်လာတော့ အနောက်ကနေ ညိုလက်မောင်းကို သူ့အားနဲ့ဆွဲယူလိုက်လေသည်....

"ရနံ့ ငါစကားပြောနေတယ်လေ "

"လွှတ် ငါ့အသားမထိနဲ့ "

"အေး မထိစေချင်ရင် ငါ့ကိုအရေးလုပ် "

"ငါ့ကို မနှောင့်ယှက်ပါနဲ့သုခမင်းဇော် လာလာမပက်သက်ပါနဲ့ "

"အရင်ကမပက်သက်တာလေးလေးမိန်းမမို့ စည်းခြားနေပေမယ့်အခု ရနံ့နဲ့ငါက ပက်သက်လို့ရတဲ့အခြေအနေ ငါ့ကိုကြည့်နေပေး ရနံ့ "

"ငါလူတွေကို မမုန်းတတ်ဘူး သုခမင်းဇော် ဒါပေမယ့်လူဆိုတဲ့လူတွေထဲကနင့်ကိုတော့ တအားမုန်းတယ် မဟုတ်ဘူး မုန်းတာထက် ရွံတယ် ကိုယ့်ဦးလေးမိန်းမကိုစည်းမစောင့်ယုတ်မာရဲတဲ့နင်ဟာ လူလို့တောင်မခေါ်ထိုက်ဘူး နင့်လိုလူမဆန်တဲ့လူနဲ့ ငါမပက်သက်ချင်တာရှင်းလား"

🌻ဇာမဏီ၏ချစ်ပုံပြင်🌻Donde viven las historias. Descúbrelo ahora