Part 10 (uni/zawgyi)

14.5K 520 21
                                    

🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~~~
Part _ 10

ညိုတစ်ပတ်လုံးလုံးအလုပ်မအားဖြစ်နေကာ တစ်ပတ်လုံးလုံးပတ်ဝန်းကျင်ကိုတောင်မေ့တေ့တေ့ဖြစ်နေသည်...
ဘုန်းဇာမဏီသစ်ကတော့ နောက်ကနေတကောက်ကောက်လိုက်ကာအရိပ်လိုအမြဲလိုက်သည်... ဒီနေ့တော့ အလုပ်ကပုံမှန်လိုပြန်ဖြစ်သွားတာမို့ ညိုအေးဆေးထမင်းချိုင့်ထည့် ခေါင်းလျှော်အခြောက်ခံပြီးမှ ထွက်လာတော့ ပိတ်တောက်ကိုမှီကိုရပ်စောင့်နေတဲ့ကောင်လေးလက်ထဲမှာလည်း စုပ်လုံးတစ်ချောင်းနဲ့....

"မ  ဒီနေ့ အလုပ်မရှုပ်တော့ဘူးလား"

"အင်း "

"အာ့ဆို မောင်နဲ့ ညနေdateမယ်နော်"

ညိုရဲ့ခြေလှမ်းတွေရပ်သွားကာ သူ့ကိုအလိုမကျသလိုလှည့်ကြည့်လာလေသည်...

"ကော်ဖီ အတူသောက်မယ်လို့ နော်"

တစ်ခါလေးကော်ဖီသောက်ဖို့ ညိုအများကြီးစဥ်းစားနေရတာကို သူလေစ.....
_
_
_
_
ညနေအလုပ်ကပြန်လာတော့ တကယ်ကြီးစောင့်နေတဲ့ကောင်လေး....

"ညို လာလေ သွားရအောင်"

"ရှေ့က သွား"

ကားမှတ်တိုင်ရဲ့ နီးစပ်ရာ ကော်ဖီShopတစ်ခုထဲဝင်ကာ နှစ်ယောက်အတူ ထိုင်ဖြစ်ကြလေသည်...ညိုအတွက်ကတော့ ဦးဆန်းထူးနဲ့တောင် မထိုင်ဖူးတဲ့ ကော်ဖီဆိုင်ကို သူစိမ်းတစ်ယောက်နဲ့ထိုင်နေရတာ တကယ်စိတ်မသက်သာလှပါ....

"ညို  Relaxလေ စိတ်အေးအေးထား ကော်ဖီသောက်ယုံဘဲ"

ညိုစိတ်မသက်မသာဖြစ်နေတာကို ရိပ်မိပုံရတဲ့ကောင်လေးဟာ ညိုကို အားပေးစကားပြောလေသည်.....ညိုစိတ်ကိုဖတ်တတ်ပါလားဆိုပြီး ညိုအနည်းငယ် ကောင်လေးကိုသဘောကျသွားလေသည်....
ကော်ဖီဆိုင်ရဲ့ထောင့်က စားပွဲပေါ်မှာထိုးထားတဲ့ နေကြာပန်းအိုးလေးကို ကြည့်ကာ ညိုပြုံးမိသွားလေသည်...
ညိုမျက်နှာအပြောင်းအလဲကို တစ်စိုက်မတ်မတ်လိုက်ကြည့်နေတဲ့ ဇာမဏီဟာ ညိုအပြုံးတွေကိုအဖြေရှာလိုက်တော့ နေကြာတွေဖြစ်နေလေသည်..

အခုလိုကျတော့လည်း ဇာမဏီဟာ နေကြာတွေကိုမနာလိုဖြစ်မိပါသည်...မောင့်မျက်နှာကိုကြည့်ပြီးပြုံးရင်ဘယ်လောက်တောင်ကောင်းမလဲ ညိုရယ်.....

🌻ဇာမဏီ၏ချစ်ပုံပြင်🌻Where stories live. Discover now