Part_ 32

17K 596 41
                                    

🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~~~~~
Part _ 32

မနက်ပိုင်းလတ်မှတ်ထိုးပြီးဘုန်းကြီးကျောင်းမှာဆွမ်းကျွေးဖြစ်တဲ့ ညိုနဲ့မောင်ရဲ့လက်ထပ်ပွဲလေး...
မိဘဆွေမျိုးများတစ်ယောက်မှမပါပဲ  ညိုနဲ့မောင်ရဲ့အသိမိတ်ဆွေတွေဖြစ်တဲ့ သူငယ်ချင်းများနဲ့သာဒီပွဲလေးကို လုပ်ဖြစ်သွားသည်....
ညိုအမေဆီမောင်က တောင်းရမ်းဖို့ပြောလာပေမယ့် ညိုကသာရအောင်တားခဲ့တာဖြစ်သည်..
မောင်နဲ့လက်ထပ်ဖို့ဆုံးဖြတ်ပြီးနောက်နေ့တည်းက မိခင်ကို ဖွင့်ပြောပြခဲ့တော့ မောင့်အဖေသဘောမတူတာကို မေမေက စိတ်တိုင်းမကျဖြစ်လာသည်...
မောင်က အဖေအရိပ်ကနေထွက်ပြီး ကိုယ့်လမ်းကိုယ်လျှောက်မှာကို မေမေကသဘောမကျ မောင့်ကကြည်နေတုန်းကတော့ ညိုမသိပဲနဲ့ ပိုက်ဆံတွေလက်ခံခဲ့ပြီး အခု မောင်ဟာ ကိုယ်လမ်းကိုယ်လျှောက်မယ်ဆိုတာနဲ့ မေမေတို့စိတ်တွေက မောင့်ကို မကြည်ဖြူဖြစ်နေပြီဖြစ်သည်....
ညိုစိတ်ညိုကိုယ်နဲ့ အဆုံးအစွန်ထိ ဖြတ်သန်းဖို့ ဆုံးဖြတ်လိုက်တည်းက မောင့်ခံစားချက် ညိုခံစားချက်တွေကိုသာ ဦးစားပေးဖို့ဆုံးဖြတ်လိုက်တာမို့ တစ်ခြားလူတွေရဲ့အမြင်ဆိုးတွေကို နားလည်လက်ခံပေးဖို့အထိ စိတ်စေတနာမထားနိုင်တော့ပါ....

ဆွမ်းကျွေးလေးပြီးတော့ မောင်ကိုယ်တိုင်၆လနဲ့ငှားထားတဲ့ တောင်ဥက္ကလာထဲက တိုက်ခန်းလေးကို သာပြန်လာလိုက်ကြသည်...

အသက်အရွယ်ငယ်လွန်းတဲ့မောင်ဟာ ညိုထင်ထားတာထက်တောင်ရင့်ကျက်ကာ စေးစေးကုပ်ကုပ်နဲ့ သူရှိတဲ့ကိုယ်ပိုင်ငွေလေးနဲ့ စီစဥ်သွားတာများ ညိုတောင်အံ့သြရသည်....
အရင်ညိုနေတဲ့အဆောင်ကျ နှစ်ယောက်နေဖို့ အဆင်မပြေတာမို့ မောင်ကလည်း မင်္ဂလာဦးမှာသီးသန့်လေးနေချင်ကြောင်းပြောလာလေသည်...
ညို့ဘက်က လိုအပ်တာလေးဝယ်ပေး စိုက်ပေးမယ်ပြောတာလေးကိုတောင်မောင်ကမကြိုက်ပါ...

"အခန်းကမဆိုးပါဘူး ကျယ်သားပဲ"

ကိုအားသစ်က အခုမှအိမ်ကိုသေချာလှည့်ပတ်ကြည့်ကာ ပြောနေလေသည်....
အခန်းထဲက အိမ်ထောင်ပရိဘောဂပစ္စည်းမှန်သမျှကတော့ ကိုလင်း ကိုနစ်ကီနဲ့ ကိုအားသစ်တို့သုံးယောက်ပေါင်းပြီးလက်ဖွဲ့ထားပေးတာဖြစ်သည်...
မောင်က အားနာတာမို့ တော်ယုံလက်ဖွဲ့ပါပြောလည်း သူ့အကိုတွေက အကောင်းဆုံးဆိုတာတွေသာလုပ်ပေးခဲ့လေသည်....
ည၆နာရီလောက်မှ အုပ်စုလိုက်ပြန်သွားတော့မှ မောင်နဲ့ ညိုလည်းနားရလေသည်...

🌻ဇာမဏီ၏ချစ်ပုံပြင်🌻Hikayelerin yaşadığı yer. Şimdi keşfedin