🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~~
Part _ 4ဆေးခန်းရက်ချိန်းကအပြန် အရင်နေရာဟောင်းလေးကိုကားဖြတ်သွားတာမို့ ထိုနေရာမှာဘဲTaxiကိုရပ်ခိုင်းလိုက်လေသည်.....
အသွားတုန်းက ဦးဆန်းထူးနဲ့အတူတူပေမယ့် အပြန်ကျ Companyကိစ္စပေါ်လာတာမို့ လှည့်ပြန်သွားတာမို့ ညိုလည်းTaxiငှားပြန်လိုက်တော့သည်........"ညို "
"အတည်"
ဒီနေရာလေးကို ရောက်တုန်းရောက်ခိုက် အတည်ကို ဖုန်းဆက်လိုက်တာဖြစ်သည်.....
"ညို ဖုန်းဆက်ခေါ်လိုက်လို့ အတည်အလုပ်ပျက်သွားလားဟင် ညိုက ရောက်တုန်းလေး အတည်နဲ့တွေ့သွားချင်လို့ပါ""
"ရတယ် ခဏတော့အချိန်ရပါတယ် ညိုရဲ့ ဖုန်းဆက်လိုက်တာကောင်းတယ် လင်းလည်း ညိုကို သတိရနေတာ အရင်ကဆို ဒီMini martမှာ ညိုနဲ့လင်းဆုံနေကြလေ ညိုပြောင်းသွားတည်းက ဖုန်းနဲ့အဆက်အသွယ်ဘဲရတော့တဲ့ဟာ"
ညိုတို့က အိမ်ပြောင်းသွားတာ ၂နှစ်လောက်ရှိတော့မယ် ဘောက်ထော်ဘက်က ၃ထပ်တိုက်ကြီးကိုပြောင်းသွားတာတဲ့ ....လင်းကို ညိုက အိမ်လည်ခေါ်ပေမယ့် ညိုမိသားစုတွေကို လင်းကမကြည်တာမို့ သွားမလည်ဖြစ်ပါ....
ညိုဟာမျက်နှာလေးအမြဲမှိုင်းညို့နေကာ မလန်းမဆန်း သာမန်လူလိုမဟုတ် လင်းလည်း တစ်ခုခုကူညီလိုကူရငြား စပ်စုမေးမြန်းတော့မှ ညိုက သူအိမ်ထောင်ရေးအကြောင်းဖွင့်ဟလာလေသည်.....
လောကမှာ ဒီလိုလူမဆန်တဲ့ အတ္တသမားတွေလည်းရှိသေးတာကို လင်းအံ့သြမိသည်....
အဓိကက ညိုယောကျာ်း ဦးဆန်းထူးအောင်ကို အသဲပေါက်သည်...
မိန်းမတစ်ယောက်လုံး ဘာတွေခံစားနေရလဲ ဒင်းမသိဘူးလား.......
ညိုကိုသနားလိုက်တာ လင်းလည်း ဘယ်လိုအိမ်ထောင်ဘက်မျိုးနဲ့ဘုရားသခင်က ဖူးစာဆုံပေးမလဲမသိဘူး အခုတော့ အပျိုကြီးလုပ်မယ်ဘဲစိတ်ကူးတယ်........."ညိုရယ် ပိန်သွားလိုက်တာ "
"ဟုတ်လား သတိမထားမိဘူးအတည်ရယ်"
"ညို လင်းတစ်ခုပြောပြမယ် တစ်ခါတစ်လေလောက်ညို ဆန္ဒအတိုင်းနေကြည့်ပါလား အများကြီး စိတ်ဖိစီးမှုတွေမခံပါနဲ့"
YOU ARE READING
🌻ဇာမဏီ၏ချစ်ပုံပြင်🌻
Romanceတစ်ခုလပ်ဟုတ်လား "မ" တစ်ခုလပ်ဖြစ်နေတာနဲ့ အဲဒီမိန်းကလေးကတန်ဖိုးမရှိဘူးလို့ ဘယ်ခွေး_ူတောင်းစားက မိန့်သွားတာလဲ....... ဘုန်းဇာမဏီသစ် တစ်ခုလပ်ဆိုတဲ့နာမ်စားဟာမိန်းမတစ်ယောက်အတွက် နာကျင်မှုတွေအတိတ်မှာမျက်ရည်များစွာပေးဆပ်ပြီးမ...