🌻ဇာမဏီ၏ ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~~~~~
Part_ 17ပတ်တီးတွေနဲ့ညိုလက်ကိုမြင်ရခိုက်ဇာမဏီ ရင်ထဲတော်တော်မကောင်းပါ.....
"မောင့်ကို ဘာလို့မပြောတာလည်းညိုရယ်"
ညိုလက်လေးကိုမထိရက်မကိုင်ရက်ဖြစ်နေကာ မောင်မျက်နှာထက်ဝယ်ညို့ကို စိတ်မကောင်းခြင်းတွေ စိုးမိုးနေတာကအတိုင်းသား....
"အခုလိုမောင်စိုးရိမ်နေမှာကိုသိနေလို့ပေါ့မောင်ရယ်"
"မောင်စိုးရိမ်တာကအရေးလားကွာ အခုတော့ မောင်ကဘာမှမသိပဲ ခရီးတောင် ထွက်လိုက်တာကွာ"
"တောက်"
"ဟင် မောင် ညိုကိုစိတ်ဆိုးသွားတာလား"
"မောင်က ညို့ကိုဘာလို့စိတ်ဆိုးရမှာလည်းညိုရယ်"
"မောင်အခုနကပဲတောက်ခေါက်လိုက်ပီးတော့"
"ဟာ မဟုတ်ဘူး ညို မောင်တောက်ခေါက်တာက မောင့်ကိုမောင်ပါ မောင်စောက်သုံးမကျလို့ ကိုယ့်ကိုတောက်ခေါက်တာ ညို့ကိုဘာလို့တောက်ခေါက်ရမှာလည်း မောင်ရဲ့ညိုကိုမောင်က သိပ်ချစ်တာလေ "
"ဆေးရုံလာတာ အဖော်လည်းခေါ်မလာဘူးညိုရယ် မောင်မရှိလည်း အတည်ဖြစ်ဖြစ်ခေါ်တာမဟုတ်ဘူး"
"အတည်လည်း သူ့အလုပ်နဲ့သူလေ သူလည်းနေမကောင်းဖြစ်ထားတာမကြာသေးဘူးလေ ညိုကလက်လေးထိရုံပါ တစ်ယောက်တည်းလာတာဘာမှမခက်ပါဘူးမောင်ရယ်"
"မ မှာ မောင်ရှိသေးတယ်ဆိုတာကို သတိရောရသေးရဲ့လား"
"မောင်ရယ် ဒါပဲပြောနေတော့မှာလား ပြီးတာကပြီးနေပြီလေ"
"မပြီးဘူးညို ညိုကိုအနာတရဖြစ်အောင်လုပ်တဲ့ကောင်ကဘယ်သူလည်း"
"မခွာညိုသင်းရနံ့ရှိပါသလား"
"ဟုတ် ရှိပါတယ်"
ညိုအလှည့်မို့ Nurseဆရာမလေးနာမည်ခေါ်တာနဲ့ ညိုနဲ့မောင် ဆရာဝန်အခန်းထဲကို ဝင်လာလိုက်တော့ မောင်မေးနေတဲ့စကားကအစပြတ်သွားလေသည်....ညိုကိုအနာတရဖြစ်အောင်လုပ်တဲ့ကောင်ကဘယ်သူလည်းတဲ့ ညိုဘယ်လိုဖြေရမလည်းမောင်ရယ် သေချာတာကတော့ မောင်ကရအောင်မေးနေမှာ......
_
_
_
_
_
ဇာမဏီထင်နေတဲ့အတိုင်း ညိုအိမ်မှာထမင်းဟင်းမရှိ ကြည့်ရတာခေါက်ဆွဲပြုတ်စားလိုက် ပေါင်မုန့်နဲ့ကော်ဖီသောက်လိုက် ဒီရက်တွေဒီလိုစားသောက်နေတယ်ဆိုတာ ညိုအိမ်က မီးဖိုချောင်လေးကသက်သေပြနေလေသည်.....သူ ဒယ်ဒီဟိုတယ်က ထမင်းဟင်းတွေမှာထားတာတွေကအဆင်ပြေသွားလေသည်.......

YOU ARE READING
🌻ဇာမဏီ၏ချစ်ပုံပြင်🌻
Romanceတစ်ခုလပ်ဟုတ်လား "မ" တစ်ခုလပ်ဖြစ်နေတာနဲ့ အဲဒီမိန်းကလေးကတန်ဖိုးမရှိဘူးလို့ ဘယ်ခွေး_ူတောင်းစားက မိန့်သွားတာလဲ....... ဘုန်းဇာမဏီသစ် တစ်ခုလပ်ဆိုတဲ့နာမ်စားဟာမိန်းမတစ်ယောက်အတွက် နာကျင်မှုတွေအတိတ်မှာမျက်ရည်များစွာပေးဆပ်ပြီးမ...