Part _24

14.5K 608 69
                                    

🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~~~
Part _24

"မောင်ရေ ကယ်ပါ ညို့ကို ကယ်ပါ"

ညိုကTentတွေဘက်ထွက်သွားတာကြာနေလို့လိုက်လာရင်း ညိုအသံအက်အက်လေးကိုကြားလိုက်ရချိန်ဇာမဏီလက်ထဲက spyပုလင်းပြုတ်ကျသွားကာ အသံကြားရာဆီသို့တဟုန်ထိုးပြေးသွားတဲ့ ခပ်လှမ်းလှမ်းက မီးပုံပွဲမှာထိုင်နေတဲ့အုပ်စုကလည်း ဘာဖြစ်တာလည်းဆိုပြီးပြေးလိုက်ပါတော့သည်...

"ညို "

မြေပြင်ပေါ်လဲကျနေတဲ့ ညိုကို ဆွဲထူနေတဲ့
သုခမင်းဇော်ကိုမြင်တဲ့အချိန် ဇာမဏီခေါင်းသွေးတွေ တဒိန်းဒိန်းဆောင့်တက်သွားကာ...

"မအေ_ိုး"

"ခွပ်"

သုခမင်းဇော်မျက်နှာလည်ထွက်သွားကာ ညိုလက်ကို သူဆွဲရင်း ညိုခန္ဓာကိုယ်လေးကို ပွေ့ဖက်တော့ ရှေ့က သကောင့်သားက သူ့ဆီလက်ပြန်ရွယ်လာကာ...

"ခွပ်"

"အာ့"

"အမယ်လေး...မောင်"

သူညိုကို အာရုံရောက်နေတုန်း သုခမင်းဇော်ရဲ့လက်သီးတစ်ချက်က သူ့မျက်နှာပေါ်ရောက်လာခဲ့သည်....

"ညို ဘေးဖယ်နေ"

"မောင်....!!"

ညို လက်ကို အတည်နဲ့ နွေးနွေးက လာဆွဲကာ မောင်နဲ့ သုခမင်းဇော်ရဲ့လုံးထွေးသတ်ပုတ်နေတဲ့နားကနေဆွဲခေါ်လာသည်...

"အဟင့် ဟင့် လုပ်ပါအုံး မောင်ကို"

ညိုက ရန်ဖြစ်နေတဲ့ဘက်ကို လှည့်ကြည့်ကာ ငိုနေလေသည်...

"ငလင်း လွှတ်ထားမလို့လား ငါတို့ကောင်ခံရရင်ဒုက္ခ"

"လွှတ်ထားလိုက် ဟိုကောင်က ဆေးကွဲနေတဲ့ကောင်နေမယ် ပုံစံကြည့်ရတာ"

ဘုန်းဇာမဏီသစ်နဲ့ သုခမင်းဇော်က ခန္ဓာကိုယ်ဆိုဒ်ချင်းမကွာပေမယ့် သုခမင်းဇော်က ဆေးကွဲနေတဲ့ပုံရကာ ဝေလေလေဖြစ်နေလေသည်.....

"ကြည့်ပါအုံး ညိုပါးကချက်ချင်းညိုပုတ်သွားတာ ယောကျာ်းဖြစ်ပြီးလက်ပါစရာလား"

တည်ငြိမ်လင်းသန့်ရဲ့ စကားသံအဆုံးမှာ ဇာမဏီရဲ့ထိုးနေတဲ့ လက်သီးတွေကရပ်တန့်သွားကာ သူရဲ့ချစ်ရသူမျက်နှာကိုလှမ်းကြည့်လိုက်တော့ ချစ်ရသူရဲ့ မျက်နှာလေးဟာမျက်ရည်တဲ့စိုလူးနေကာ ပါးတစ်ချပ်ဟာရဲညိုနေလေသည်....

🌻ဇာမဏီ၏ချစ်ပုံပြင်🌻Where stories live. Discover now