🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~~
Part _ 3"ဇာမဏီ ဘာဖြစ်တာလဲ"
"ဇာမဏီ "
သူ့လက်မောင်းကို ဒေဝီမင်းဇော်က လှုပ်ခါလိုက်တော့မှ သူ့မှာ အသိပြန်ဝင်လာရကာ ကွဲကျ သွားတဲ့ ဖန်ခွက်ကွဲကိုကောက်ဖို့လုပ်တော့သည်......
"ဟဲ့ မလုပ်နဲ့လေ ငါ သူများကိုလုပ်ခိုင်းလိုက်မယ်"
ဖန်ခွက်ကွဲကိုကောက်ချင်နေတယ်ဆိုတာထက် သူ့ရှေ့က မြင်ကွင်းကို ကြည့်ဖို့အင်အားမရှိပါ......
"ဟဲ့ မကောက်နဲ့ဆို"
ဒေဝီကအတင်းသူ့ကို တားလေသည်.....
"အင်း ဒေဝီ ဒါဆို ငါပြန်တော့မယ်"
"ဟယ် နင်ကလည်း bd cakeတောင်မခွဲရသေးဘူးလေဟယ် သူငယ်ချင်းတွေတောင်မစုံသေးတာဒါဘာသဘောလဲ"
"ငါကိစ္စလေးရှိလို့ပါ"
"ကိစ္စရှိလည်းခေါက်ထားလိုက်ကွာ ငါတို့နောက်ဆို ဒီလိုလူစုံဖို့ဆိုတာ မလွယ်ဘူးကွာ"
ပေါင်ပေါင်းကလည်းတားထားကာလုံးဝပေးမပြန်.....
ပေါင်ပေါင်းဆိုတာ သူတို့ခေါ်နေကြနာမည်လေးပေါ့ တရုတ်ကောင်လေး စကားကလည်းရေလည်ဝဲတယ် နာမည်ရင်းက လီဝေ့ပေါင်....."လာ လာနင့်က မင်္ဂလာဆောင်မလာထားတော့ နင့်ကိုငါမိတ်ဆက်ပေးမယ်"
ဒေဝီကသူ့လက်ကိုအတင်းဆွဲကာ မမတို့အတွဲရှေ့ခေါ်သွားလေသည်......
"လေးလေး ဒီမှာ ဒီကောင်လေ လေးလေးမင်္ဂလာဆောင်မလာဘဲ ဘတ်သွားတဲ့ကောင် "
ဒေဝီက ဆန်းထူးအောင်ကို ဇာမဏီ ကိုသူ့ဦးလေးကိုရန်တွေ့ခိုင်းနေလေသည်....
"ဟုတ်သား ငါ့တူ မလာဘူးနော် မင်း မင်းဒယ်ဒီဘဲလာတယ်"
"ကျွန်တော်ခရီးလွန်နေလို့ပါ"
"ဇာမဏီ ဒါငါ့အဒေါ်လေ ဘယ်လိုလဲချောတယ်မဟုတ်လား"
"တီညို သူက "
"ဒေဝီရေ"
ဇာမဏီနဲ့ ခွာညိုကို မိတ်ဆက်ပေးဖို့ကြံနေတုန်း တစ်ဖက်ကသူငယ်ချင်းတွေက ဒေဝီကိုလှမ်းခေါ်နေလေသည်.....

VOUS LISEZ
🌻ဇာမဏီ၏ချစ်ပုံပြင်🌻
Roman d'amourတစ်ခုလပ်ဟုတ်လား "မ" တစ်ခုလပ်ဖြစ်နေတာနဲ့ အဲဒီမိန်းကလေးကတန်ဖိုးမရှိဘူးလို့ ဘယ်ခွေး_ူတောင်းစားက မိန့်သွားတာလဲ....... ဘုန်းဇာမဏီသစ် တစ်ခုလပ်ဆိုတဲ့နာမ်စားဟာမိန်းမတစ်ယောက်အတွက် နာကျင်မှုတွေအတိတ်မှာမျက်ရည်များစွာပေးဆပ်ပြီးမ...