Part _46

34.6K 857 166
                                    

🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~~~~
Part _46

"Ring......Ring .....Ring "

ကိုလင်းခေတ်မင်း ဖုန်းဖြစ်နေတာကြောင့် ညို စိတ််ထဲတော့ ထင့်သွားရသည်..

အတည်မဟုတ်ဘဲ  ကိုလင်းဖုန်းဆက်တာက ရှားမှရှားသည်လေ..

"ဟယ်လို ကိုလင်းခေတ် "

"ရှင် "

မောင်ဆေးရုံပေါ်ရောက်နေလို့ အခုချက်ချင်းလိုက်ခဲ့ပါဆိုတာကြောင့် နဂိုမကြည်တဲ့ခေါင်းက နောက်သွားကာမျက်လုံးတွေပါပြာသွားသလိုခံစားရလေသည်....
ဘာဖြစ်တာလဲထပ်မေးတော့အမြန်သာလာခဲ့ဖို့သာပြောနေတော့ ညိုသည်ခပ်မြန်မြန်ဖုန်းချကာသားကိုမစန်းကြည်ဆီအပ်ကာဆေးရုံသို့ပြေးရလေတော့သည်...

ဆေးရုံကိုရောက်တော့ ကိုလင်းခေတ်နဲ့ကိုအားသစ်ရော ကိုနစ်ကီပါရှိနေလေသည်....

"ကိုလင်း....မောင်ရော ....မောင်ဘာဖြစ်တာလဲဟင်"

ဖုတ်ပူမီးတိုက်ဖြစ်နေတဲ့ ခွာညိုသင်းရနံ့ဟာချွေးတလုံးလုံးနဲ့ လင်းခေတ်မင်းတို့အနားရောက်လာလေသည်...
လိမ်ရတာစိတ်မကောင်းပေမယ့် ဇာမဏီကိုအတော်ကြီးစိတ်ပူဟန်ပေါက်တာကြောင့်သနားလည်းသနားမိလေသည်.....

"ခွာညို စိတ်ကို ရှင်းရှင်းထား ဘာမှမဖြစ်ဘူး "

"ဟင့် ညို မောင့်ကို တွေ့ချင်တယ် မောင်ဘယ်မှာလဲ ပြောပါ "

"ရှိတယ် ဇာမဏီရှိတယ်"

"မောင့်ဆီ လိုက်ပို့ပေးပါ"

"ပို့ပေးမယ် ခဏလေး.... ခဏလေးပါနော် အရင်ဆုံး ခွာညိုက အိုသွေးဟုတ်လား "

"ဟုတ်တယ် ညိုက အိုသွေး "

"အတော်ပဲဗျာ ဇာမဏီအတွက်ပဲဖြစ်ဖြစ် သွေးစစ်ပေးပါလား လိုလို့ပါဗျာ "

သွေးစစ်ပေးပါလားလို့ပြောလိုက်ချိန်မှာ ခွာညိုရဲ့နဂိုကတည်းက သွေးစုတ်ဖြူရော်နေတဲ့မျက်နှာဟာဖွေးကနဲဖြစ်သွားကာ တစ်ချက်ယိုင်သွားတာကြောင့်
နစ်ကီကပြေးတွဲရလေတော့သည်..

"မောင် မောင်များ ဆိုးဆိုးဝါးဝါးထိခိုက်မိ.....အင့် "

"ဟာ မဟုတ်ဘူး မဆိုးဝါးပါဘူး သွေးစစ်ဖို့ရောရရဲ့လားဗျာ"

🌻ဇာမဏီ၏ချစ်ပုံပြင်🌻حيث تعيش القصص. اكتشف الآن