Part_40

28.3K 667 79
                                    

🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~~~~
Part _40

"သားပြောလို့ သူ့အဖေ နေမကောင်းဘူးဆိုလို့ မေမေတို့ လာကြည့်တာ"

မောင်နဲ့က ဘယ်လိုလုပ်အဆက်အသွယ်ပြန်ရှိသွားရတာလဲ....

ထိုစဥ် အနောက်က ထွက်လာတဲ့ အသံကြောင့် ညို့လက်သီးလေးတွေ တင်းကြပ်သွာ ဆုပ်မိသွားလေသည်..

"ပစ်ထားတဲ့မိဘတွေက သမက်လေးက အဖေနဲ့ပြန်အဆင်ပြေတာနဲ့ အိမ်ပေါ်တန်းရောက်လာတာနော်"

"ရွှန်းပြည့်သာ!!"

"ကိုကို!!"

ပြည့်ကို အော်လိုက်တဲ့ ခင်ပွန်းဖြစ်သူကြောင့် ပြည့်လည်း သူ့အသံနည်းတူအော်လိုက်လေသည်...

"ဘာလို့လာအော်နေတာလဲ"

"သူများကိစ္စထဲ ဘာလို့ ပြည့်ကဝင်ပါနေတာလဲ
ကိုကိုမကြိုက်ဘူးနော် ပြည့်"

"Sorry ခွာညို ကိုယ် တောင်းပန်ပါတယ် ပြည့်စကားပြောမတတ်တာကို ဗွေမယူပါနဲ့ ဆုံးမလိုက်ပါမယ်"

"ကိုကိုက အခု ဘယ်သူ့ဘက်ကိုလိုက်နေတာလဲ "

ပြည့်က စူးစူးဝါးဝါးထအော်တာကြောင့် ဧည့်သည်တွေလည်းရှိနေတော့ ရာဇာက ဇနီးသည်လက်ကိုတင်းတင်းကြပ်ကြပ်ဆွဲကာ နီးစပ်ရာ စာကြည့်ခန်းထဲသို့ထည့်လိုက်လေသည်...

ညိုလည်းသက်ပြင်းလေးချကာ မေမေတို့ဘက်လှည့်ကြည့်လိုက်လေသည်....

"ဘယ်ကနေဘယ်လိုရောက်လာတာလဲ မေမေ"

"သမီး ဒီအိမ်မှာနေရတာရော အဆင်ပြေရဲ့လား အခုနက ကောင်မလေးက ဘယ်သူလဲ သမီးနဲ့လင်ညီမလား ဆိုးတဲ့ပုံပဲ ဒီမှာနေလို့ အဆင်ပြေရဲ့လား သမီးရယ်"

"စိတ်ပူနေတာလား မေမေ ....ညို အဆင်ပြေပါတယ်"

သမီးဖြစ်သူက အေးစက်စက်မျက်နှာနဲ့ တုံ့ပြန်လာတဲ့ပုံစံက သူမရင်ခွင်ကို ဖြတ်ကန်လိုက်သလိုပါပဲ...
သမီးက သူမကို မကြည်တဲ့ပုံပါ....

"မောင်နဲ့က ဘယ်တုန်းက အဆက်အသွယ်ရှိသွားရတာလဲ"

"နည်းနည်းတော့ကြာပြီ သားက အိမ်ကို ခဏခဏလာတယ် သူလည်းကျောင်းပြီးလို့ အလုပ် လုပ်နေပြီဆိုတဲ့အကြောင်း ပြီးတော့ ကလေးမွေးစားလိုက်တယ် ဆိုတဲ့အကြောင်း သားကလူ မလာနိုင်ရင်တောင်အမြဲဖုန်းဆက်ပါတယ်"

🌻ဇာမဏီ၏ချစ်ပုံပြင်🌻Where stories live. Discover now