🌻ဇာမဏီ၏ ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~~~~
Part _19"မောင်"
ညိုကိုတံခါးဝမှာတွေ့ လိုက်ရတာမို့ ဇာမဏီရဲ့ ခြေလှမ်းတွေရပ်သွားသလို မေမေနဲ့ တီလတ်တို့ရဲ့ခြေလှမ်းတွေလည်းရပ်သွားလေသည်.......
"မ"
တီလတ်ပုံစံက နေမကောင်းတာမို့ ညို ကိုယ်လေးဘေးကပ်ကာ တံခါးပေါက်ဘက်ကပ်နေလိုက်တော့ သူတို့တွေအိမ်ထဲဝင်လာလိုက်သည်....
ညို ထင်နေသလိုတွေမဖြစ်လာပါစေနဲ့.....မောင် အခု တီလတ်ကို ဆေးခန်းပို့ပေးတာလောက်ထိပဲ ညိုကြားချင်တယ်.....
"သမီးရောက်နေတာလား မေမေတို့ကိုလာမယ်ကြိုမပြောဘူး"
ညိုသာကြိုပြောခဲ့ရင် ဒီလိုမောင်က အိမ်ကိုအဝင်အထွက်တွေလုပ်နေတာ သိမှာတောင်မဟုတ်ပါ....
"သူနဲ့ဘယ်လိုသိတာလည်းမေမေ"
မောင်မျက်နှာကို မကြည့်ဘဲ မေမေကိုသာတိုက်ရိုက်မေးလိုက်တော့သည်....
ဇာမဏီလည်း ဒီနေ့မှ ညို မေမေက ဖုန်းဆက်လာသည်..တီလတ်နေမကောင်းလို့ ဆေးခန်းပို့ပေးလို့အဆင်ပြေမလား မေးလာတာကြောင့် သူအလုပ်တစ်ချို့ကိုတောင်ဖြတ်ကာ လိုက်ပို့ပေးခဲ့သည်...ဘာလို့ဆို ညိုမိသားစုဟာ သူမိသားစုလို့ သတ်မှတ်ထားတာမို့ဖြစ်သည်.....
"သူက "
"နေပါစေ မေမေ ကျွန်တော်ပဲ ရှင်းပြလိုက်ပါမယ် "
မေမေတဲ့ မောင်က ညို့မေမေကို မေမေလို့တောင်ခေါ်နေတာမို့ ညိုပိုအံ့သြသွားတော့သည်....ဒါဆို ညိုထင်နေသလိုလားဆိုတာ ပိုပြီးရင်ထဲ ထိတ်သွားလေသည်....
"ပြန်နှင့်ပါ ဒီမှာ ညို ပြောစရာတွေရှိတယ်"
"မောင်စောင့်နေမယ် ကားပေါ်ကနေ"
ညိုသူ့ကိုမကြည်တာရိပ်မိတာမို့ဇာမဏီရှောင်နေလိုက်သည်... သူနဲ့ ညိုလည်း စကားပြောစရာရှိတာပြောရမယ် ညိုစိတ်ဆိုးနေတာကို ဒီအတိုင်းကျော်သွားလို့မဖြစ်နိုင်ပါ .....
_
_
_
_
_
_
"မေမေ ညိုမေးနေတာကို အကုန်အမှန်တိုင်းဖြေပေးပါ""မေမေ သူ့ကိုဘယ်လိုသဘောထားနေတာလည်း"
"သမီးကောင်လေးဆို "

ESTÁS LEYENDO
🌻ဇာမဏီ၏ချစ်ပုံပြင်🌻
Romanceတစ်ခုလပ်ဟုတ်လား "မ" တစ်ခုလပ်ဖြစ်နေတာနဲ့ အဲဒီမိန်းကလေးကတန်ဖိုးမရှိဘူးလို့ ဘယ်ခွေး_ူတောင်းစားက မိန့်သွားတာလဲ....... ဘုန်းဇာမဏီသစ် တစ်ခုလပ်ဆိုတဲ့နာမ်စားဟာမိန်းမတစ်ယောက်အတွက် နာကျင်မှုတွေအတိတ်မှာမျက်ရည်များစွာပေးဆပ်ပြီးမ...