Part _45

15.6K 665 80
                                    

🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~~~~
Part _45

"ညို နေမကောင်းဘူးဆို "

"အခု ကောင်းသွားပါပြီ မောင်ရဲ့ "

ကောင်းသွားပြီသာပြောနေသော ညို့မျက်နှာက မသာမယာ...

"ဆေးခန်းသွားရအောင် "

"ခေါင်းမူးတာလေးလောက်နဲ့ ညို ဆေးခန်းမသွားချင်ဘူး မောင်ရယ်  အခုလည်း သက်သာနေပါပြီ ဘာမှမဖြစ်ဘူး "

သားကိုတောင် ဒေါ်စန်းကြည်ထိန်းပေးရတဲ့အထိဆိုမှတော့ ညိုက တော်ရုံနေမကောင်းလို့ပေါ့....

"ထပ်ဖြစ်ရင် သွားရမယ်နော် ညို "

"အင်းပါ မောင်ရဲ့ "

ညစာစားပြန်တော့လည်း ညိုက ဟုတ်တိပက်တိမစားဘဲ ဟိုတို့စိ ဒီတို့စိဖြစ်နေလေသည်...

"ခွာညို ဒီည ထမင်းစားနည်းနေသလိုပဲနော် "

ရှေ့မှာစားနေတဲ့ ကိုရာဇာကတောင်ပြောနေပြီဖြစ်သည်...
သူ့မိန်းမ ကိုယ်ဝန်ဆောင်သည်ကတောင်အစားအသောက်မပျက်ဘူးလေ....

"ဟုတ်တယ် ညို ဒီနေ့ နေသိပ်မကောင်းလို့ပါ "

"ဟင် ညီ  ဆေးခန်းခေါ်သွားပါလား "

"မောင်က သွားဖို့ပြောပါတယ် ခေါင်းမကြည်တာလောက်နဲ့တော့ ညိုက တမင်မသွားတာပါ"

"ပေါ့တော့ မပေါ့နဲ့ပေါ့ ကျန်းမာရေးက ပေါ့ဆတာမကောင်းဘူး "

"ဟုတ်ကဲ့ "

ရွှန်းပြည့်သာကတော့ ပန်းကန်ထဲက အသားတုံးကိုသာမကျေမနပ်ခက်ရင်းဖြင့်ထိုးဆွလေမိတော့သည်....
ဗိုက်ကြီးနေပါတယ်ဆိုတဲ့လူကိုကျတော့မမြင်ကြဂရုမစိုက်ကြဘူး ရှေ့ကဟာကိုပဲပျာနေကြတယ်...
အဲဒီအထဲ ကိုယ့်ယောကျာ်းက ထိပ်ဆုံးကဖြစ်လို့ စိတ်ကတိုနေပြီဖြစ်သည်.....
_
_
_
_
_
မိုးလင်းတာနဲ့ မအီမလည်ဖြစ်ကာ ဟင်းအနံ့တွေနှင့် အနံ့ပြင်းပြင်းတွေရရင် ရင်ထဲအော်ကလီဆန်လာကာ ပျို့ပျို့တက်လာတာ ရက်ကြာနေပြီဖြစ်သည်....
မောင်က စိုးရိမ်နေတာကြောင့် ညိုသည် ဘာမှမဖြစ်သလိုသာ ဟန်ဆောင်အားတင်းနေလိုက်လေသည်....

သို့ပေမယ့် ညိုတစ်ခုခုဖြစ်နေပြီဆိုတာတော့ သေချာသိပါသည်...
ဖြစ်ပုံက ပထမတစ်ခါတုန်းကလို ဖြစ်နေတာကြောင့် ညိုသည် ကိုယ့်ကိုယ်ကို သိပ်စိတ်ပျက်မိပါသည်....

🌻ဇာမဏီ၏ချစ်ပုံပြင်🌻Où les histoires vivent. Découvrez maintenant