Part _21

12.8K 537 20
                                    

🌻ဇာမဏီ၏ ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~~~~~
Part _ 21

"ဟင် ခင်ဗျားက ကိုသုခမဟုတ်လား"

ထပ်ကန်မယ့် ဇာမဏီရဲ့ ခြေထောက်တွေရပ်တန့်သွားကာ အံ့သြစွာကြည့်နေချိန်သုခမင်းဇော်က ကုန်းထလာကာ ဇာမဏီကို ပြန်ထိုးဖို့ လက်ရွယ်လိုက်ချိန်....

"နင် မောင့်ကို ထိရဲ့ထိကြည့် သုခမင်းဇော်"

ဇာမဏီရှေ့ပိတ်ရပ်လိုက်ကာ သုခမင်းဇော်ကို လက်ညိုးထိုးကာပြောလိုက်တဲ့ ရနံ့ကြောင့် သုခမင်းဇော်ရင်ထဲ ဒေါသတွေအလိပ်လိပ်တက်လာကာ...

"ဖယ်စမ်း ရနံ့"

"မဖယ်နိုင်ဘူး နင် မောင့်အသားကို တစ်စက်ထိရဲထိကြည့်စမ်း "

"မ  မဖယ်နေ  မောင် အဲ့ကောင်ကို အသေလုပ်မယ်"

"မောင် သူနဲ့ဖက်ဖြစ်စရာမလိုဘူး "

ညိုကိုဆွဲလားရမ်းလားလုပ်နေတည်းက ဒီကောင်ကောင်းတဲ့ကောင်မဟုတ်ဘူးဆိုတာတွေးမိသလို ဟိုတစ်ခါရမ်းကားတဲ့ကောင်ကလည်း ဒီကောင်ပဲဖြစ်ဖို့များတာမို့ မှတ်လောက်သားလောက်အောင် ပညာပေးဖို့လက်တွေကို အကြော့လျော့လိုက်လေသည်...သူငယ်ချင်းရဲ့အကိုတွေဘာတွေနားမလည်ဘူး သူဘဝကြီးဖြစ်တဲ့ညိုကိုလာထိရင်တော့ သင်္ချိုင်းကုန်းကိုပို့သင့်ရင်ပို့ရမည်ဖြစ်သည်....

"ညို ဖယ် ဒီကောင်လား ညိုကိုနှောင့်ယှက်နေတာ"

"မောင် မလုပ်နဲ့ "

ညိုနဲ့မောင် ဆွဲလားရမ်းလားဖြစ်နေတာကို သုခမင်းဇော်က ပွဲကြည့်ပရိတ်သတ်အလားလက်ပိုက်ကြည့်နေလေသည်...
မောင့်လက်မှာဒဏ်ရာကြီးနဲ့မို့ တကယ်ဖြစ်ကြည့်မောင်ခံရမှာမို့ ဒီရန်ပွဲလုံးဝမဖြစ်စေရအောင် ညို မောင့်ကိုရအောင်တားနေရလေသည်....

"နင် ပြန်တော့ သုခမင်းဇော်"

ညိုပြောနေတာကို ပခုံးတွန့်ပြကာ သုခမင်းဇော်ရုပ်ဟာမထီမဲ့မြင်ညိုတို့ကိုလုပ်ပြနေလေသည်...

"အာာာာာ ဒီကောင်"

"မောင် ....မောင်"

"ရှေ့တိုးလာစမ်းပါ ဘုန်းဇာမဏီသစ် ငါကလည်းမင်းကိုသတ်ချင်နေတာ မင်းမရှိရင် ရနံ့ကငါ့အပိုင်ပဲ"

🌻ဇာမဏီ၏ချစ်ပုံပြင်🌻Where stories live. Discover now