🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~
Part _14"မောင်"
ညိုက သူ့ကိုပြေးဖက်ကာ မောင်လို့ခေါ်လိုက်တာကိုဇာမဏီ အံ့သြဖို့ကို အချိန်မပေးနိုင်သေးပါ သူ့ခေါင်းထဲရှိတာက ညိုရဲ့တုန်လှုပ်မှုနဲ့ ညိုဘာဖြစ်နေလဲဆိုတာကိုပေါ့.....
"ညို ဘာဖြစ်တာလဲ "
"ညို"
"မောင် မောင် ရောက်လာတာနော် "
"အင်း မောင်ရောက်လာပီလေ ညို ညိုဘာဖြစ်သွားသေးလည်း"
"ဟင့်အင်း မောင်ရောက်လာလို့ ညိုဘာမှမဖြစ်တော့ဘူး"
ညိုဟာ သူ့ရင်ဘတ်ထဲ မျက်နှာအပ်ကာ မျက်ရည်မိုးတွေတဖြိုင်ဖြိုင်ငိုချင်းချပါလေတော့သည်....
_
_
_
_
"ညို ဘာဖြစ်တာလဲ မောင့်ကို ပြောပြပါနော် မောင်ရင်ပူလို့ပါ""ညို ဘာမှမဖြစ်ပါဘူး မင်းရောက်လာခဲ့တာပဲ"
"ဟင် အခုနကျတော့ မောင်ဆို ညိုနော် အကြီးဖြစ်ပြီး စကားကိုအမျိုးမျိုးမပြောနဲ့နော် "
ညိုမျက်နှာလေးအောက်ကို ငုံ့သွားတာမို့ ဇာမဏီကလည်းအလွတ်မပေး ရအောင်လိုက်ကြည့်လေသည်....
"ပြောလေ ညို"
ညို တိတ်တဆိတ် သူ့ကို ခေါ်နေတဲ့ နာမ်စားလေးက အခုနက စိတ်လွတ်ပြီးထွက်သွားတာမို့ ညိုခံစားချက်ကို သူရိပ်မိသွားပြီဖြစ်သည်....
"အဲ့ကိစ္စကျော်ပေးပါလား"
"မောင်က ရူးနေလို့ ကျော်ပေးရမှာလား ညိုနော် ခေါ် မောင့်ကို မောင်လို့"
"ဟင့်အင်း မခေါ်ရဲဘူး"
"ညို အခုနကကျတော့ ခေါ်ပြီး "
"အဲ့ဒါက...."
"ညိုက မောင့်ကို မျှော်လင့်ချက်ပေးပြီး ရင်ဝကိုဆောင့်ကန် လိုက်သလိုပဲ"
"ဟင် အဲ့လိုမပြောပါနဲ့ အဲ့လိုမဟုတ်ပါဘူး"
"မဟုတ်ရင်ပြောလေ ညိုရယ်"
"ညို.....ညို..."
ညိုနှုတ်က ထွက်လာမယ့်စကားလေးတွေကို ဇာမဏီ ရင်ခုန်စွာစောင့်ဆိုင်းနေမိသည်.....
YOU ARE READING
🌻ဇာမဏီ၏ချစ်ပုံပြင်🌻
Romanceတစ်ခုလပ်ဟုတ်လား "မ" တစ်ခုလပ်ဖြစ်နေတာနဲ့ အဲဒီမိန်းကလေးကတန်ဖိုးမရှိဘူးလို့ ဘယ်ခွေး_ူတောင်းစားက မိန့်သွားတာလဲ....... ဘုန်းဇာမဏီသစ် တစ်ခုလပ်ဆိုတဲ့နာမ်စားဟာမိန်းမတစ်ယောက်အတွက် နာကျင်မှုတွေအတိတ်မှာမျက်ရည်များစွာပေးဆပ်ပြီးမ...