🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~~
Part _11"ဘယ်လိုဖြစ်ကြတာလဲ ဇာမဏီရယ်"
"မသိဘူးအတည် ကြာပြီ ကျွန်တော်ကိုစိမ်းကားနေတာ အရင်ကလည်းမရင်းနှီးတာမှန်ပေမယ့် အခုဆို အဖက်တောင်မလုပ်တော့ဘူး တော်တော်ရှောင်နေတာ ကျွန်တော်မှာလေ အဝေးကနေဘဲငေးယုံဘဝကိုပြန်ရောက်တာမှ တော်တော်ဝေးဝေးကြီးဗျာ ကျွန်တော်ဘာအမှားလုပ်မိလို့လဲ အတည် ကူညီပါအုံးဗျာ နော် "
"အင်းပါ ညိုဘာတွေစိတ်ကူးနေလဲ လင်းမေးကြည့့်တီးခေါက်ကြည့်ပါမယ် ဇာမဏီရယ်"
"အတည် ဒီပန်းစည်းလေးပါပေးပေးနော် ညိုက နေကြာတွေမြင်ရင်တော့တစ်ချက်ပြုံးသွားမှာပါ"
လင်းလည်းဇာမဏီပေးတဲ့ပန်းစည်းကိုလှမ်းယူလိုက်စဥ်
"ခွပ်"
"အ"
"အမယ်လေး"
"ကိုလင်း ကျွန်တော်ကိုဘာလို့ထိုး"
"မင်းစောက်ပါးစပ်ကိုပိတ်ထားဇာမဏီ"
ရုတ်တရက်ကြီးရောက်ချလာတဲ့ကိုလင်းခေတ်မင်းကို ဇာမဏီကိုထိုးချလိုက်ပါတော့သည်....နောက်တစ်ချက်ထိုးဖို့ရွယ်နေချိန် သူ့သူငယ်ချင်းတစ်ယောက်ကပြေးလာကာဆွဲလေတော့သည်....
လင်းလည်းရုတ်တရက်မို့ကြောင်သွားကာ ရပ်ကြည့်နေမိသည်..လင်းရဲ့အိမ်ငှားကိုလူချောနဲ့ဇာမဏီက သိနေကြတာလား ဘာလို့ရုတ်တရက်ကြီးပြေးထိုးတာလည်.....
"ပေးစမ်း အဲ့ပန်းစည်း"
လင်းလက်ထဲက တောက်ပပြီးလက်ဆတ်တ်နေတဲ့နေကြာပွင့်ကားကားတွေနဲ့ ပန်းစည်းကို အိမ်ငှားကို လူချောက ဆွဲယူကာ အနီးရှိ အမှိုက်ပုံးထဲကို ပစ်လိုက်လေသည်......
ဇာမဏီနဲ့ လင်းမှာထိုလူလုပ်သမျှကိုဘယ်လိုမလိုက်နိုင်ဖြစ်ကာ အံ့သြမှင်သက်နေမိပါသည်.......
"ဖယ်လို့ရမလား ခင်ဗျားကျွန်တော်ကို နှစ်ချက်တောင်ထိုးသွားတာ ညီအကိုလိုခင်နေလို့ပြန်မလုပ်တာ ခင်ဗျားကို"
"ငလင်းစိတ်ကိုလျော့ ဇာမဏီပြောတာနားထောင်အုံး"
အသားဖွေးသူမို့ ငလင်းမျက်နှာကရဲတွတ်နေကာ အသက်ရှုသံတွေအစ တရှုးရှုးနဲ့ပြင်းထန်နေသည်....

KAMU SEDANG MEMBACA
🌻ဇာမဏီ၏ချစ်ပုံပြင်🌻
Romansaတစ်ခုလပ်ဟုတ်လား "မ" တစ်ခုလပ်ဖြစ်နေတာနဲ့ အဲဒီမိန်းကလေးကတန်ဖိုးမရှိဘူးလို့ ဘယ်ခွေး_ူတောင်းစားက မိန့်သွားတာလဲ....... ဘုန်းဇာမဏီသစ် တစ်ခုလပ်ဆိုတဲ့နာမ်စားဟာမိန်းမတစ်ယောက်အတွက် နာကျင်မှုတွေအတိတ်မှာမျက်ရည်များစွာပေးဆပ်ပြီးမ...