📻ဇာမဏီ၏ချစ်ပုံပြင်📻
~~~~~~~~~~~~~~~~~~~~~~
Part_20
အသဲကွဲတဲ့အရသာဆိုတာကို ညိုလက်ရှိခံစားဖူးနေပီဖြစ်သည်....ချစ်တတ်သွားခဲ့တဲ့ ညိုကို ခံစားချက်တွေရသစုံအောင်ပေးနေတဲ့မောင်ကိုညိုကျေးဇူးတောင်တင်ရမလိုဖြစ်နေလေသည်....
ဖြည့်တွေးနေပေမယ့် ရင်ထဲအောင့်သက်စွာခံစားနေရမှုကတိုင်းဆမရအောင်နာကျင်နေမိလေသည်...._
_
_
_
"ညို ပြန်လာတာနောက်ကျလိုက်တာ ဖုန်းလည်းမကိုင်ဘူးမောင်ဖုန်းဆက်နေတာကို "အိမ်ရှေ့ကပိတောက်ပင်ခြေရင်းမှာ ငုတ်တုတ်ထိုင်ကာစောင့်နေတဲ့ ဇာမဏီဟာ ညိုကိုတွေ့တာနဲ့ ထလာကာ လက်မောင်းလေးကို ကိုင်ပြီး အလောတကြီးမေးလိုက်လေသည်....
"အလုပ်များနေလို့ "
အလုပ်များနေတယ်ဆိုတဲ့ စကားတစ်ခွန်းကိုပဲ ဆိုကာညိုဟာ သူမျက်နှာကိုမကြည့်ပဲ အောက်ကိုငုံ့ထားလေသည်.....
"မ လွမ်းနေတာကို မျက်နှာလေး ကြည့်ပါရစေအုံး"
ညို မေးစေ့လေးကနေ ဆွဲမလိုက်တာမို့ ညို ခေါင်းကိုတောင့်ထားလည်း မောင်ကအားနဲ့ဆွဲမတာမို့ ညိုနဲ့မောင်အကြည့်ချင်းဆုံသွားလေသည်....
ညို မျက်နှာဟာ မို့ အစ်နေတာမို့ ဇာမဏီ လန့်သွားကာရင်ဘတ်ထဲစိုးရိမ်စိတ်က ဒိုင်းခနဲ....
"ညို မျက်နှာလည်းမကောင်းဘူး ဘာဖြစ်တာလည်း "
ညိုဟာ သူမေးတာကိုမဖြေပဲ တချက်ရှိုက်သလို အသက်ရှုလိုက်ကာ သူ့ကိုကျော်ကာခြံထဲဝင်ဖို့လုပ်နေလေသည်....
"ငိုထားတာမလား "
ညိုလက်မောင်းကို အတင်းဆွဲကာ သူ့ဖက်လှည့်စေလိုက်တော့....
စူးရဲနီစွေးနေတဲ့ မျက်ဝန်းတွေနဲ့ သူ့ကို ကြည့်လာလေသည်....."လူလိမ်"
တည်ငြိမ်ခက်ထန်နေတဲ့ လေသံကို ရှင်းလင်းစွာကြားလိုက်ရကာ ညိုအသံနဲ့အတူအမူအရာကပါ သူ့ပေါ်တစ်ခုခုမကျေနပ်ဘူးဆိုတာသိလိုက်ရတော့ ရုန်းနေတဲ့လက်ကိုမဖယ်ပေးမိတဲ့အပြင်ပို၍တင်းကြပ်စွာကိုင်ထားမိလိုက်လေသည်....
"ညို "
"ညို ဘာကိုအထင်လွဲနေတာလည်းမောင့်ကို ... မောင့်ကိုဘာမကျေမနပ်ဖြစ်နေတာလည်း "

ESTÁS LEYENDO
🌻ဇာမဏီ၏ချစ်ပုံပြင်🌻
Romanceတစ်ခုလပ်ဟုတ်လား "မ" တစ်ခုလပ်ဖြစ်နေတာနဲ့ အဲဒီမိန်းကလေးကတန်ဖိုးမရှိဘူးလို့ ဘယ်ခွေး_ူတောင်းစားက မိန့်သွားတာလဲ....... ဘုန်းဇာမဏီသစ် တစ်ခုလပ်ဆိုတဲ့နာမ်စားဟာမိန်းမတစ်ယောက်အတွက် နာကျင်မှုတွေအတိတ်မှာမျက်ရည်များစွာပေးဆပ်ပြီးမ...