Part _25

14K 575 34
                                    

🌻ဇာမဏီ၏ ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~
Part _25

ခံစားချက်တွေ စုပြုံရင်ဖွင့်ပြီးသကာလ သူရဲ့ ချစ်ရသော  ချစ်သူလေးဟာ အိပ်ပျော်သွားပြီဖြစ်သည်....
ကုတင်ပေါ်သေချာနေရာချပေးတော့မလွတ်မလပ်ဖြစ်နေတဲ့ အဝတ်အစားဟာ ညိုရဲ့ အစိတ်အပိုင်းအစုံကို ဖုံးအုပ်ပေးနိုင်ခြင်းမရှိပါ...ရှိုက်ကြီးရှိုက်ငယ်အဖိုဖို  ဖြစ်နေသော ခန္ဓာကိုယ်ကောက်ကြောင်းမြင်တွေ့နေရသော မမြင်အပ်သောအစိတ်အပိုင်းတွေဟာ သူ့စိတ်ကို ရောထွေးသွားစေတာမို့ ညို့တစ်ကိုယ်လုံးကို လည်ပင်းနားရောက်တဲ့အထိ စောင်ကိုဆွဲတင်ကာသေချာခြုံပေးလိုက်သည်...

တစ်ခုလပ်ဆိုပြီးအားငယ်သိမ်ငယ်နေတဲ့ ချစ်ရသူကို လက်လွတ်စပယ် ဘာမှ အပိုင်မယူချင်ပါ ညို့ထံမှ ကြည်ဖြူစွာပေးအပ်လာသော ခန္ဓာကိုယ်ကိုသာအလိုရှိတာမို့ ထိုအရာအားလုံးကို မျက်ကွယ်ပြုလိုက်လေသည်...
_
_
_
_
လူးလွန့်လာတဲ့ ခန္ဓာကိုယ်လေးနဲ့အညီ ညိုဟာ ရုတ်တရက် ငေါက်ခနဲ ထလိုက်လေသည်...

"ညို  ဖြေးဖြေးထလေ ခေါင်းတွေမူးကုန်တော့မှာပဲ"

"မောင်"

"အင်း  မောင်လေ အရက်တွေမူးပြီးမောင့်ကို မမေ့သေးတာတော်သေးတာပေါ့"

"အရက် ....ဟင် "

ဟုတ်တာပေါ့ မနေ့က အတည်နဲ့တွေ့ပြီး clubကိုခေါ်သွားဖို့တောင်းဆိုမိတယ် ပြီးတော့ အတည်သောက်သလို လိုက်သောက်ပြီး ......
ချက်ချင်း ညိုစောင်အောက်ကိုလှန်ကြည့်လိုက်တော့ာကညိုဝတ်စားထားတဲ့အတိုင်းမို့ မသိမသာ သက်ပြင်းလေးချလိုက်မိပြီး ရှေ့က မောင့်ကို ကြည့်လိုက်တော့ ညို့ကို မျက်မှောင်ကြီးကုတ်ကာကြည့်နေလေသည်....

"ဘာလဲ အဲ့အပြုအမူက မောင့်ကို မယုံတဲ့အပြုအမူလား"

"မဟုတ်....မဟုတ်ပါဘူး"

"ညိုကိုမောင် အခွင့်ရေးရခဲ့တာညမှမဟုတ်ဘူး အရင်တည်းက ရခဲ့တာ ညိုခွင့်ပြုချက်မရပဲမောင်ယူခဲ့ဘူးလို့လားဗျာ"

မျက်နှာလေးငယ်ကာ ပြောနေတဲ့မောင်ကြောင့် ညိုကိုယ်လေး လှုပ်လှုပ်ရှားရှားဖြစ်သွားကာ ရှေ့ကိုတိုးလိုက်ရင်း မောင်လက်လေးနှစ်ဖက်ကို ကိုင်လိုက်လေသည်...

🌻ဇာမဏီ၏ချစ်ပုံပြင်🌻Where stories live. Discover now