🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~
Part _8ပိတ်ရက်မှာစောစောစီးစီးအိမ်ကိုရောက်လာတဲ့အတည် ...
"ဟယ် အတည် အစောကြီး"
"ပြောမနေနဲ့ ညိုဟာလေးလေ တဂွမ်ဂွမ်ဖုန်းဆက်ပြီး သွားပေးပါ သွားပေးပါပြောလို့ "
"အတည် နော် ဘာ ညိုဟာလည်း ညိုနဲ့သူဘာမှမဆိုင်ဘူး "
"မသိဘူးလေ ဟိုဟာလေးကတော့ အသဲအသန်ဘဲညိုရေ အခုလည်း မနက်ဆယ်နာရီ အမှီသွားပေးပါ သူသီချင်းတောင်းထားတယ်On airကနေဆိုလို့ မမကိုရအောင်ပေးနားထောင်လိုက်ပါ ဆိုပြီး အတင်းညတည်းကနားပူနေလို့ ညိုရေ ကိုးနားရီလေးဆယ့်ငါးဆိုတော့ မလိုတော့ဘူးဘဲ"
TVရုပ်သံလိုင်းတစ်ခုကနေ ခံစားချက်များနဲ့တိုက်ဆိုက်တဲ့သီချင်းလွှင့်တဲ့လိုင်းကို ရွေးဖွင့်လိုက်လိုက်လေသည်...
"မင်္ဂလာပါမောင်လေး "
"မင်္ဂလာပါဗျ"
"အယ် ဇာမဏီအသံထင်တယ် ညို"
"ညို မသိဘူး အတည်"
"သိရက်နဲ့ ဟန်ဆောင်နေပြန်ပြီ ညိုမျက်လုံးတွေအခုနက လက်ခနဲဖြစ်သွားတာ လင်းမြင်လိုက်ပါတယ် စကားမများတော့ဘူး လွတ်သွားအုံးမယ်"
"မောင်လေးနာမည်ကို မိတ်ဆက်လို့အဆင်ပြေလားမသိဘူး"
TVဖန်သံပြင်မှာတော့ Announcerရဲ့ရုပ်ဘဲမြင်ရကာ တစ်ဖက်ကဇာမဏီဆီကိုဖုန်းတက်နေခြင်းဖြစ်သည်...
"ကျွန်တော်နာမည် ဘုန်းဇာမဏီသစ်ပါ"
"ဟုတ်ပါပီ မောင်လေး မောင်လေးကဒီနေ့အစ်မတို့ရဲ့ အစီအစဥ်လေးမှာတောင်းဆိုထားတဲ့သီချင်းလေးရဲ့Reasonနဲ့ဘယ်သူ့အတွက်တောင်းထားတာလဲဆိုတာပြောပြပေးလို့ရမလားမသိဘူး"
"ဟုတ်ကဲ့ ဘယ်သူအတွက်လည်းဆိုတော့ နေကြာတွေကိုမြတ်နိုးတွယ်တာတတ်တဲ့ မမတစ်ယောက်အတွက်ပါ ချစ်နေတာသိရက်နဲ့ဘာလို့စိမ်းကားနေတာလဲဗျ မ ဘက်က ဥပေက္ခာတစ်ခါပြုတိုင်း ကျွန်တော်အသဲတွေလည်းကွဲကြေရလွန်းလို့ အမှုန့်ဖြစ်နေပြီဗျအသဲလေးကို ပြန်နဂိုတိုင်းကောင်းဖို့ မ ကကုပေးပါ ဘယ်သူဘယ်သူကိုမှ အာရုံထဲမထားဘဲ ကျွန်တော်ကိုပြန်ချစ်ပေးပါလာဗျာ အခုနားထောင်နေတယ်ဆိုရင် ကျွန်တော်အဖြစ်ကိုသနားပါအုံး မ ရယ် "

KAMU SEDANG MEMBACA
🌻ဇာမဏီ၏ချစ်ပုံပြင်🌻
Romansaတစ်ခုလပ်ဟုတ်လား "မ" တစ်ခုလပ်ဖြစ်နေတာနဲ့ အဲဒီမိန်းကလေးကတန်ဖိုးမရှိဘူးလို့ ဘယ်ခွေး_ူတောင်းစားက မိန့်သွားတာလဲ....... ဘုန်းဇာမဏီသစ် တစ်ခုလပ်ဆိုတဲ့နာမ်စားဟာမိန်းမတစ်ယောက်အတွက် နာကျင်မှုတွေအတိတ်မှာမျက်ရည်များစွာပေးဆပ်ပြီးမ...