🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~~~~~~
Part _ 9"ဟင် တကယ်လား အတည်"
"တကယ်ပေါ့ ညိုရယ် သူတို့ မနေ့ညက စခန်းရောက်သွားတယ်တဲ့ သူတို့အသိအကိုတစ်ယောက်ညတွင်းချင်းလာထုတ်ပေးသွားတာတဲ့"
စခန်းထိတောင်ရောက်သွားတယ်ဆိုတော့ညိုစိတ်မကောင်းဖြစ်နေမိသည်...ပတ်ဝန်းကျင်က တိုင်လိုက်တာဆိုတော့လည်း ညိုလည်းမတတ်နိုင်တဲ့ကိစ္စဖြစ်သည်...ဒါကြောင့်ဒီမနက်ညိုဆီ ရောက်လာနေကြနေကြာလေးတွေ မရောက်လာတာပေါ့ သူအဆင်မှပြေရဲ့လား....
ဘုရားရေ ညိုက ဒီနေကြာတွေကိုမျှော်နေတတ်တဲ့အပြင် ဒီကောင်လေးကိုပါ စိတ်တွေပူနေမိပါလား.....
_
_
_
_
ဘုန်းဇာမဏီသစ်တစ်ယောက် ညက ကိုလင်းက ပွားထားတာမို့ ဒီမနက်ငြိမ်နေရကာ ယူနေကြပန်းဆိုင်က ဒီနေ့ နေကြာမရဘူးပြောတာမို့ စိတ်ကမမဆီပန်းမဆက်သလို့စိတ်ကညစ်ထွေးနေကာ ကိုလင်းက အိမ်ထဲကအိမ်ပြင်ထွက်ကြည့် ဒယ်ဒီနဲ့တိုင်မယ်ဆိုတာကြောင့်အိမ်ထဲမှာအောင်းနေရသည်...ကြောက်တာတော့မဟုတ်ပေမယ့် သူ ဟာအကိုရင်း ဘုန်းရာဇာသစ်ထက် ကိုလင်းခေတ်မင်းကို ချစ်ကြောက်ရိုသေသည်....
ကိုရာဇာက ငယ်ငယ်တည်း ဒယ်ဒီလူဖြစ်ကာ ဒယ်ဒီအနောက်တကကောက်ကောက်လိုက် အလုပ်တွေတစ်ပုံတစ်ပင်နဲ့မအားလပ်ဖြစ်နေတတ်တာမို့ သူနဲ့သိပ်မပေါင်းဖြစ် ကိုလင်းနောက်တကောက်ကောက်လိုက်ရင်း ကိုလင်းက သွေးသားရင်းလိုဖြစ်နေတာမို့
သူ့စကားကိုနားထောင်တတ်တာကအကျင့်ဖြစ်နေမိသည်....ညက စခန်းကထုတ်လာရင်း ဆုံးမစကားတွေတစ်သီတစ်သန်းကြီးကြော စော်ထားနည်းစော်လိုက်နည်းတွေလည်းသင်ပေး ဆောင်ရန်ရှောင်ရန်တွေပါသင်ပေးပြီးပွားထားတာမို့ ငြိမ်နေလိုက်သည်.....ကိုလင်းက မင်းခဏငြိမ်နေလိုက်တဲ့ သူ့ဘက်ကဘယ်လိုတုံ့ပြန်လာမလဲ စောင့်ကြည့်လိုက်ပါဆိုတဲ့ နည်းလမ်းအရ ချစ်ရသူကို ဒီမနက် သွားမတွေ့ဖွန်မကြောင်ဘဲနေနေခဲ့ရတာဖြစ်သည်...အတည်ဆီကိုတော့ ညကအဖြစ်အပျက်ကို သံတော်ဦးတင်ထားပြီးဖြစ်တာမို့ ချစ်ရသူဘက်က တုံ့ပြန်ချက်ကိုစောင့်နေမိသည်...... ညိုက သူ့ကို စိတ်ဆိုးနေမှာတော့ သူကြိုသိနေပါသည်....
_
_
_
_
_
"ဟယ် ညို အိမ်မပြန်သေးဘူးလား"
VOCÊ ESTÁ LENDO
🌻ဇာမဏီ၏ချစ်ပုံပြင်🌻
Romanceတစ်ခုလပ်ဟုတ်လား "မ" တစ်ခုလပ်ဖြစ်နေတာနဲ့ အဲဒီမိန်းကလေးကတန်ဖိုးမရှိဘူးလို့ ဘယ်ခွေး_ူတောင်းစားက မိန့်သွားတာလဲ....... ဘုန်းဇာမဏီသစ် တစ်ခုလပ်ဆိုတဲ့နာမ်စားဟာမိန်းမတစ်ယောက်အတွက် နာကျင်မှုတွေအတိတ်မှာမျက်ရည်များစွာပေးဆပ်ပြီးမ...