🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~~~~
Part _43"ပြည့် "
"ဟုတ် ကိုကို"
"အိမ်ကို အကူလွှတ်လိုက်တာ
မရောက်လာဘူးလား ""လာတယ်လေ ကိုကို "
"ဘယ်မှာလဲ "
"ဟိုမှာ Kitchenထဲ ထမင်းပွဲပြင်နေတာ ညီလေးတို့လင်မယားပဲရှိတယ် သူကဘယ်မှာလဲ "
အင်္ကျီကြယ်သီးဖြုတ်နေတဲ့ ကိုကို့ ကို ကူဖြုတ်ပေးလိုက်ရင်း...
"လာတယ်လေ အလကား "
"ဘာအလကားလဲ ပြည့် "
"ခိုင်းကြည့်တာ ကိုကိုရယ် တစ်စက်ကလေးမှ အချိုးမပြေဘူး သူ့ကိုလစာပေးထားပြီး အိမ်ကလူက ပြန်လုပ်နေရမယ့်ပုံမျိုးကြီး "
"ဟင် "
"ဟုတ်တယ် ဒါကြောင့် ပြည့်က ပြန်လွှတ်လိုက်တာ "
"ဟာ ဘာလို့ ပြန်လွှတ်လိုက်ရတာလဲ သေချာလုပ်ဖို့ ခိုင်းရမှာပေါ့ "
"အဲဒီလိုပြောမှတတ် ခိုင်းမှ သိဆို ဘာလုပ်ဖို့လဲ ကိုကိုက ယောကျာ်းလေး ဘာမှမသိဘူး ပြည့် မာမီကို အောက်သက်ကြေတာလေး ရှာခိုင်းထားလိုက်မယ် ကိုကို မပူနဲ့ "
"လိုနေတာကအခုလေ ပြည့်ရာ"
" ပြည့် ကူပေးမှာပေါ့ ကိုကိုရဲ့ ဘာမှမပူနဲ့နော် မီးဖိုခန်းကိစ္စတွေ ကိုကိုတို့ယောကျာ်းတွေဝင်မပါနဲ့လေ ပြည့်က ဒီအိမ်ရဲ့ချွေးမအကြီး ပြည့်စီမံပါမယ် ကိုကို မပူနဲ့ "
"ဒါဆိုလည်း ကိုယ် ယုံလိုက်မယ်နော် ပြည့် "
"ကိုကိုနော် စကားပြောပုံကိုက ဟွန့် "
_
_
_
_
_
_
"အခြေအနေက တိုးတက်လာပါတယ်
blood pressureလည်း မှန်လာပြီ အခြေအနေဒီထက်ပိုတိုးတက်လာရင် လေ့ကျင့်ခန်းအသေးလေးတွေစလုပ်ပေးလို့ရပြီ "သားနှစ်ယောက်လုံးရဲ့ မျက်နှာက အပြုံးတွေဖြစ်ထွန်းသွားကာ ဘုန်းဇာမဏီသစ်က
ဦးဘုန်းမြတ်သစ် ဘေးနားဝင်ထိုင်လိုက်ရင်း ဖခင်ဖြစ်သူရဲ့လက်က်ို ဆုပ်ကိုင်လိုက်လေသည်..."ဒယ်ဒီ ဘာမှမတွေးနဲ့ အားတင်းထားနော် ကျွန်တော်နဲ့ ကိုရာဇာက ဒယ်ဒီရဲ့ ဘေးတစ်ဖက်တစ်ချပ်မှာ အားအဖြစ် ရှိနေမှာပါ ဒယ်ဒီ အရင်လိုပြန်ကောင်းလာစေရမယ် နော် ဒယ်ဒီ "

ВЫ ЧИТАЕТЕ
🌻ဇာမဏီ၏ချစ်ပုံပြင်🌻
Любовные романыတစ်ခုလပ်ဟုတ်လား "မ" တစ်ခုလပ်ဖြစ်နေတာနဲ့ အဲဒီမိန်းကလေးကတန်ဖိုးမရှိဘူးလို့ ဘယ်ခွေး_ူတောင်းစားက မိန့်သွားတာလဲ....... ဘုန်းဇာမဏီသစ် တစ်ခုလပ်ဆိုတဲ့နာမ်စားဟာမိန်းမတစ်ယောက်အတွက် နာကျင်မှုတွေအတိတ်မှာမျက်ရည်များစွာပေးဆပ်ပြီးမ...