Part _2 (uni/zawgyi)

18.1K 510 19
                                    

🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~~
Part _ 2

ဇာမဏီဟာ ဒေဝီအဒေါ်မှန်းသိသွားကတည်းက ဒေဝီတို့အိမ်ကိုသိသလိုတစ်မျိုးမသိသလိုတစ်မျိုးမယောင်မလည်ရောက်ရောကမလာတော့သည်....
ဆယ်ခါလောက်လူပျိုလှည့်ရင်တောင် တစ်ခါတွေ့ဖို့မလွယ်တဲ့ကောင်မလေးဖြစ်သည်....
တစ်ခါခါတော့ ဝရံတာထွက်ကာအဝတ်လှန်းနေတာတို့ ပန်းပင်ရေလောင်းနေတာတို့တွေ့ရတတ်သည်......
ဒေဝီကိုအောင်သွယ်ခိုင်းရင်ကောင်းမလားစဥ်းစားတော့တော့လည်း သူ့အဒေါ်ဆိုတော့ကောင်းပါ့မလား....
အပြင်လေးဘာလေးထွက်တာလည်းမတွေ့ရ အိမ်တွင်းပုန်းလေးဖြစ်ဖို့များသည်....
တစ်ရက်ဦးဆန်းထူးအောင်ကားပေါ် ပါသွားတာတွေ့လိုက်ရသည်...
သူ့ကဆိုင်ကယ်နဲ့မို့ လမ်းမပေါ်လိုက်လို့မရ၍ကျန်ရစ်ခဲ့ရသည်....
မောင်နှမတွေ ဘယ်ကိုသွားတာလဲမသိဘူး....
တစ်ခါတစ်လေတစ်ယောက်တည်းထွက်လာပါလားကောင်မလေးရာ.......

အခုဆိုအားရင် သူ့မှာ ဖွန်ကြောင်ရတဲ့အလုပ်တစ်ခုတိုးသွားလေသည်.....
တစ်ခြားတော့မဟုတ် ဒေဝီအဒေါ်ကို တစ်နေ့မတွေ့ရမနေနိုင်ရောဂါထနေတဲ့အလုပ်ဖြစ်သည်.......

တစ်ရက် စက်ဘီးစီးကာဒေဝီတို့ရပ်ကွက်ဘက်ကူးလာတုန်း ဒေဝီတို့လမ်းထိပ်မှာခေါက်ပိုက်ဆံအိတ်လေးကိုင်ကာဖြေးဖြေးမှန်မှန်လျှောက်လာတဲ့ကောင်မလေးကိုတွေ့လိုက်ရသည်....

"Yesss တစ်ယောက်တည်းကွ"

အနောက်ကနေကပ်ကာ စက်ဘီးကိုဖြေးညင်းစွာမောင်းကာကပ်လိုက်နေတာကိုကောင်မလေးက လုံးဝကိုလှည့်မကြည့်လာခဲ့....

"ရွှတ်"

"ရွှတ်"

အာ ဒီလောက်နီးကပ်နေတာ မကြားတာတော့မဖြစ်နိုင် တမင်လှည့်မကြည့်တာနေမယ် မာနကြီးလိုက်တဲ့ကောင်မလေး...
သူတို့နဲ့ရွယ်တူလို့ထင်ရပေမယ့် ဒေဝီအဒေါ်ဆိုတော့ သူ့ထက်တော့အသက်ကြီးမှာသေချာတယ်....
ဒါဆိုရင် မမပေါ့......
လှည့်မကြည့်တော့လည်း ခေါ်ရမှာပေါ့...

"မမ"

"မမ"

ညိုနောက်ကို ကောင်လေးတစ်ယောက်တကောက်ကောက်လိုက်နေတာသိပါတယ်...
ညိုစျေးမှာ လိုတာလေးတွေလာဝယ်ရင်းအပြန်လမ်းမှာမို့ သတိထားကာသွားနေရသည်...
ကိုယ်ကအိမ်ထောင်သည်ဆိုတော့တခြားလူမြင်ရင်မသင့်တော်တာကြောင့် သူလိုက်နာတာသိလည်း လှည့်ကိုမကြည့်ခဲ့....

🌻ဇာမဏီ၏ချစ်ပုံပြင်🌻Tempat cerita menjadi hidup. Temukan sekarang