🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~~~~~
Part _27"ညို မောင့်ကို လက်ထပ်ခွင့်ပေးမယ် မဟုတ်လားဟင်"
မောင်ရဲ့အားကိုးတကြီးကြည့်နေသောအကြည့်တို့ကို ဆက်ကြည့်နေလျှင် ညို ခံနိုင်ရည်မရှိတော့မှာမို့ မျက်နှာလွှဲလိုက်ရလေသည်...
"ညို...မောင့်ကိုဖြေပါအုံး"
သူ့လက်ကိုလည်းဖြုတ်ချသွားတဲ့အပြင် သူ့ကိုပါမကြည့်တော့တာမို့ ဘုန်းဇာမဏီသစ်တစ်ယောက် မချင့်မရဲဖြစ်လာလေသည်....
"ညို ....ဖြေပါအုံး...ညိုနဲ့ မောင် နှစ်ယောက်တစ်ဘဝ တည်ထောင်ကြမယ်လေ မိသားစုလေးတစ်ခုဖန်တီးကြမယ်လေ နော်"
မိသားစုလေးတစ်ခုဖန်တီးကြမယ်တဲ့လားမောင်ရယ်...
ညိုက မောင်ပြောတဲ့ မိသားစုတစ်ခုကို ဖန်တီးနိုင်မယ်မထင်ဘူးမောင်....
အင်းလေ လူသားနှစ်ယောက် လက်ထပ်ပေါင်းသင်းပြီဆိုမှတော့ လင်ယူသားမွေးလုပ်ချင်လို့လေ...
ဒါပေမယ့် ညိုကမှ မောင်လိုချင်တဲ့အရာကိုမပေးနိုင်တာ...."ဟင့်အင်း မောင် ညိုမောင့်ကို လက်မထပ်နိုင်ဘူး"
"ညို"
တုန်ယင်ကွဲအက်နေတဲ့ အသံလေးနဲ့ ခေါ်လာတဲ့အသံလေးကို ညိုကြားနိုင်စွမ်းမရှိတော့ပါ...
"ညို ...နောက်နေတာမဟုတ်လား ....ဒါမှမဟုတ် မောင်proposeကိုမကြိုက်လို့လား...ဒါမှမဟုတ် ပြင်ဆင်ချိန်ယူမလို့လား....မောင်ရုတ်တရက်ဖွင့်ပြောလိုက်လို့လား ..ဟုတ်တယ်မလား ညို....မောင့်ကို လက်မထပ်ချင်တာ မဟုတ်ဘူးမလား"
"ဟုတ်တယ် မောင်ကို လက်မထပ်ချင်တာ "
"ညို......"
ခွာညိုသင်းရနံ့ကို မယုံကြည်နိုင်စွာကြည့်နေသော ဘုန်းဇာမဏီသစ်ရဲ့ မျက်ဝန်းတွေကကြေကွဲဖွယ်အတိ.....
"ညို ပြန်တော့မယ် ...မောင်"
အခြေအနေက မထင်မှတ်ထားတာတွေဖြစ်လာတာမို့ လင်းခေတ်မင်းတို့စုံတွဲမှာလည်း ကြားကနေ ဘာလုပ်ပေးလို့ပေးရမှန်းလည်းမသိ....
"ကိုကို လင်းပါ လိုက်သွားလိုက်မယ် ညို တစ်ယောက်တည်း ပြန်မှာစိတ်မချဘူး"

ŞİMDİ OKUDUĞUN
🌻ဇာမဏီ၏ချစ်ပုံပြင်🌻
Romantizmတစ်ခုလပ်ဟုတ်လား "မ" တစ်ခုလပ်ဖြစ်နေတာနဲ့ အဲဒီမိန်းကလေးကတန်ဖိုးမရှိဘူးလို့ ဘယ်ခွေး_ူတောင်းစားက မိန့်သွားတာလဲ....... ဘုန်းဇာမဏီသစ် တစ်ခုလပ်ဆိုတဲ့နာမ်စားဟာမိန်းမတစ်ယောက်အတွက် နာကျင်မှုတွေအတိတ်မှာမျက်ရည်များစွာပေးဆပ်ပြီးမ...