🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~~~~
Part _35ညိုမျက်ရည်တွေ ပေါက်ကနဲကျလာတာမြင်ရတော့ သူမနေနိုင်တော့ပဲ ညိုကိုယ်လုံးလေးကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်လေတော့သည်...
"မောင်မသိအောင် ဘာလို့ ဦးဆန်းထူးအောင်နဲ့ တွေ့လည်း ...မောင် ကို ထားသွားတော့မှာလား မောင်ရင်ပူနေတာကွ"
"မောင်"
မောင့်ရဲ့ ငိုသံကြီးနဲ့ပြောလာတဲ့စကားကြောင့် ညိုဟာအရမ်းကိုပင်တုန်လှုပ်သွားကာ မောင်ဖက်ထားတဲ့စီကနေရုန်းထွက်ကာ မောင့်မျက်နှာကိုစေ့စေ့ကြည့်လိုက်တော့မှ မောင်ဘာဖြစ်နေလဲဆိုတာကိုသိသွားရကာမောင့်ကို သနားသွားရတော့သည်....
"မောင်ရယ်"
မောင့်ရင်ခွင်ထဲ ညိုကိုယ်တိုင်တိုးဝင်ကာ တင်းကျပ်စွာဖက်ထားလိုက်တော့သည်...
"မောင်အတွေးတွေအရမ်းပင်ပန်းခဲ့မှာပဲ ညို မှားတာပါ ညိုမှားပါတယ်မောင်ရယ် တကယ်ဆို မောင့်ကို လျို့ဝှက်မထားပဲ ပြောပြခဲ့သင့်တာ"
"ဘာလို့တွေ့ကြတာလဲ"
"မောင် ညို့ကိုယုံသေးရဲ့လား "
"မောင်က ညို့ကို မယုံစရာလားကွာ မောင်ခံပြင်းနေတာက ညိုအခုထိ နှုတ်ဆိတ်နေခဲ့တာကို ဒီလိုမပြောပဲထားတော့ သိနေတဲ့ မောင်က ဘယ်လောက်ထိတ်လန့်နေရလဲ ညိုသိလား အရာအားလုံးနဲ့ရင်းပြီး ညို့ကိုမောင် ပိုင်ဆိုင်ခဲ့ရတာပါ မောင့်အတွက်ညိုကဘယ်လောက်အဖိုးတန်လဲသိရဲ့လား မောင့်ရတနာလေးကိုတော့ သူများလက်ထဲမပါစေချင်ဘူးကွာ"
"လာ ...ထိုင်လိုက် မောင် ညိုပြောပြမယ် ညိုပြောပြပါ့မယ်"
ဆိုဖာပေါ်မောင့်ကိုပေးထိုင်လိုက်ကာ ညိုလည်းဘေးနားဝင်ထိုင်ပြီး မောင့်လက်ကလေးတွေကို ဆုပ်ကိုင်လိုက်လေသည်...
"ညိုဖုံးကွယ်ခဲ့တာဆိုတာ အခုလိုမောင်စိတ်တွေရှုပ်ထွေးပြီး မလိုအပ်တာတွေတွေးပူနေမှာဆိုးလို့ပါ...ဟင်းးးး ကံမကောင်းတော့မောင်က ကြိုသိနေပါလား ဒဲ့ဒီနေ့က သူက ညို့ကိုတွေ့ဖို့ဖုန်းဆက်တယ် ညိုက မောင်နဲ့အတူလာခဲ့မယ်ပြောတော့ သူက ညိုနဲ့ပဲစကားပြောပါရစေတဲ့ မောင်ပါလို့မဖြစ်ဘူးပြောတယ် ချိန်းတဲ့နေရာကလည်း လူမြင်ကွင်းမို့ ညိုကလက်ခံလိုက်တယ် ...သုခမင်းဇော်အကြောင်းများထူးတာလားဆိုပြီးသွားတော့ သူက..."
![](https://img.wattpad.com/cover/317730777-288-k994828.jpg)
YOU ARE READING
🌻ဇာမဏီ၏ချစ်ပုံပြင်🌻
Romanceတစ်ခုလပ်ဟုတ်လား "မ" တစ်ခုလပ်ဖြစ်နေတာနဲ့ အဲဒီမိန်းကလေးကတန်ဖိုးမရှိဘူးလို့ ဘယ်ခွေး_ူတောင်းစားက မိန့်သွားတာလဲ....... ဘုန်းဇာမဏီသစ် တစ်ခုလပ်ဆိုတဲ့နာမ်စားဟာမိန်းမတစ်ယောက်အတွက် နာကျင်မှုတွေအတိတ်မှာမျက်ရည်များစွာပေးဆပ်ပြီးမ...