🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~~
Part _15"ရပါတယ် မောင်ရဲ့ မောင်လည်းအလုပ်ရှိလို့ပဲဟာ"
ဒီအပတ်ပိတ်ရက်ညိုနဲ့လျှောက်လည်မယ် ပြောထားတာမို့ မောင်က နေ့လည်လောက်မှ လာခေါ်တော့မယ်ဖုန်းဆက်လေသည်....
"မောင်အလုပ်များနေတာဆိုလည်း ညိုတို့နောက်တစ်ပတ်မှလည်လည်းရပါတယ်တော်ကြာ မောင် က အလုပ်လည်းလုပ်ရ ညိုကိုလည်းလာခေါ်ရ မောင်ပင်ပန်းတာပေါ့"
"မောင်က သွေးလှူယုံပဲ ညိုရဲ့ လှူပြီးတာနဲ့ လာခဲ့မယ်နော် "
"ဘယ်လို မောင်က သွေးလှူမလို့လား "
"ဟုတ်တယ်ညို မောင်အသိတစ်ယောက်က အကူအညီတောင်းလို့ အဲ့ဒါမောင်ဆေးရုံမှာသွားလှူမလို့ ဒါပေမယ့့် ဒီနေ့ကတော့ဖောင်တင် သွေးစစ်ယုံဘဲ နောက်ရက်မှ သွေးထုတ်ရမယ်ထင်တယ် အာ့ကြောင့် မောင်နေ့လည်အမှီလာခဲ့မယ်လေ "
"မောင်က ဘယ်ဆေးရုံလည်း "
"*******Hospital"
"အင်း အင်း ဒါပဲနော် မောင်"
မောင်က သွေးလှူမလို့တဲ့ မောင်က အသက်ကလည်းငယ်ပြီး လူပုံစံ လေးကဂျစ်ကန်ကန်ပေမယ့်စိတ်ဓါတ်လေးကတော့ရင့်ကျက်လေသည်...ညိုနဲ့မောင်ချစ်သူဖြစ်တာတစ်လတောင်မရှိသေးပေမယ့့်မောင့်အကြောင်းညိုပိုသိသိလာတာတည်းကတစ်ခုက မောင်က ချွဲစိန်လေးဖြစ်သည်.....
လူငယ်လေးတောင် အသိရှိရှိနဲ့ သွေးလှူတာ ညိုကရော မောင် နဲ့အတူ သွေးမလှူူချင်ဘူးလားဆိုတော့ ညိုလည်းမောင်နဲ့အတူအမှတ်တရသွေးလှူချင်စိတ်က ရင်ထဲတဖွားဖွားဖြစ်လာလေသည်.....
ခက်တာကလေ ညိုက အပ်ဆိုအသေကြောက်သည်..နဂိုတည်းကအပ်ကြောက်တဲ့ညိုဟာ အရင်အိမ်ထောင်နဲ့တုန်းက ဆေးမျိုးစုံစစ်ခဲ့ရတော့ ကြောက်တတ်နဲ့trumaကပိုဆိုးလာသည်...အပ်ကိုမြင်ရင်ကို သရဲမြင်သလိုလို ဘီလူးမြင်သလိိုလိုကြောက်မိသည်...ဒါဆိုရင် ညိုမောင်နဲ့အတူ သွေးမလှူူဖြစ်တော့ဘူးလား...အဲ့လိုလည်းမဟုတ်ပါ ညိုအနားမောင်ရှိရင်တော့ ညိုကြောက်မယ်မထင်ပါ....အဲ့ထိလောက်ထိ မောင်ဟာ ညိုကို ယုံကြည်မှုပေးထားပါသည်....
အဝတ်အစားလဲနေစဥ် မောင်Cover songဆိုပေးထားတဲ့ one call awayကို နားထောင်ကာ စိတ်ဓါတ်ခွန်အားဖြည့်နေလိုက်သည်......
_
_
_
_
မောင်ပြောတဲ့ဆေးရုံကိုတော့ ရောက်လာခဲ့ပီ မောင်ရောရောက်နေနှင့်ပြီလား ဒါမှမဟုတ်ပြန်သွားလောက်ပီလား..မောင်ကို အံ့သြစေဖို့ မပြောဘဲလာတာမို့ လွဲသွားရင်လည်းဒုက္ခ....ကားပါကင်ကိုဝေ့ကြည့်လိုက်တော့လည်း မောင်ဆိုင်ကယ်ကိုမတွေ့ မောင်များပြန်သွားပြီလား ....

YOU ARE READING
🌻ဇာမဏီ၏ချစ်ပုံပြင်🌻
Romanceတစ်ခုလပ်ဟုတ်လား "မ" တစ်ခုလပ်ဖြစ်နေတာနဲ့ အဲဒီမိန်းကလေးကတန်ဖိုးမရှိဘူးလို့ ဘယ်ခွေး_ူတောင်းစားက မိန့်သွားတာလဲ....... ဘုန်းဇာမဏီသစ် တစ်ခုလပ်ဆိုတဲ့နာမ်စားဟာမိန်းမတစ်ယောက်အတွက် နာကျင်မှုတွေအတိတ်မှာမျက်ရည်များစွာပေးဆပ်ပြီးမ...