Part _42

11.7K 605 42
                                    

🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~~~~
Part _42

"သူတို့က အိမ်မှာလူနာရှိနေသေးတာကို မိသားစုလိုက်အလည်ထွက်နိုင်သေးတယ်နော် အံ့သြတယ် "

"ပြည့် "

ကိုကိုက ပြည့်ကို မျက်လုံးပြူးကာအော်လာလေသည်...

"ဘာလို့ ဒီလိုလာကြည့်နေတာလဲ ကိုကို"

"ပိတ်ရက်လေးထွက်တာလေ ဘာဖြစ်သွားလို့လဲ "

"သူတို့ပဲထွက်လို့ရလား ပြည့်တို့လင်မယားလည်းထွက်ချင်တာပေါ့ "

"ပြည့်က ကြားရက်လည်း မာမီတို့အိမ်ပြန်နေကြမဟုတ်လား "

ဘုန်းရာဇာသစ်စကားကြောင့် ရွန်းပြည့်သာ မျက်မှောင်ကျုံ့သွားလေသည်....

"ကိုကိုက ပြည့်ကို အလကားနေ မိဘအိမ်ပြန်နေတယ်လို့ပြောချင်တာလား "

"ပြည့်ကို နားလည်ပေးဖို့ပြောနေတာ ပြည့်လည်းကြားရက်တွေ အပြင်ထွက်တယ်မဟုတ်လား သူတို့ထွက်တဲ့အချိန်တော့ အိမ်စောင့်ပေါ့ "

"ပြည့်က အလကားထွက်နေတာမှမဟုတ်တာ ပြည့်မာမီနေမကောင်းလို့ သွားလာလုပ်နေရတာ ပင်ပန်းတောင်ပင်ပန်းသေး "

မာမီနေမကောင်းတာက သွေးတိုးတာလောက်ပဲမဟုတ်လားဟု ရာဇာမမေးချင်တော့ပါ...
ကိုယ့်မိန်းက နည်းနည်းဆို များများ ကိုယ့်ကိုရစ်တတ်သူဖြစ်သည်....
_
_
_
_
_
"အမေ ကျွန်တော့်သားက ကျွန်တော်နဲ့ တူတယ်မဟုတ်လား "

ဒေါ်စံပယ်သည် သားမက်ဖြစ်သူကိုကြည့်ကာ ပြုံးနေမိသည်...
ကြားရသလောက် ဒီကလေးကို သမီးဖြစ်သူကလိုချင်လွန်းလို့ နှစ်ယောက်သဘောတူကာမွေးလိုက်ရတဲ့ကလေးဖြစ်ပေမယ့် သားမက်ဖြစ်သူကတော့ ကလေးကို သူ့သွေးရင်းကဲ့သို့ကြည်ကြည်ဖြူဖြူလိုလိုလားလားဖြစ်နေတာကိုတွေ့ရတော့ စိတ်အေးရပါသည်...

မိဘဖြစ်တဲ့အလျောက် မပြည့်စုံတဲ့သူမဟာ သမီးဖြစ်သူနဲ့သားဖြစ်သူကိုတော့ ပြည့်ပြည့်စုံစုံချမ်းချမ်းသာသာနေစေချင်ပါသည်...
သမီးကို ဆန်းထူးအောင်တို့လာတောင်းတုန်းက သူမပျော်လိုက်ရတာ...
ကိုယ့်သမီးလေး ချမ်းချမ်းသာသာနေရတော့မှာပဲမြင်ကာ ပေးစားမိသည်...
သမီးဖြစ်သူရဲ့ ထိုအိမ်ကပေးသော စိတ်ဆင်းရဲမှုတွေကို မမြင်ရတော့ သမီးဘက်က လူငယ်မို့ ဆန်းထူးအောင်ကို မနှစ်သက်လို့ လွန်တယ်ဟုသာထင်ကာ ပြန်ပေါင်းစေချင်ခဲ့သည် ..
သို့ပေမယ့် ခေါင်းမာလှတဲ့ သမီးဟာ ရအောင်ကွာရှင်းလာလေသည်...
နစ်နာကြေးမဖြစ်စလောက်လေးနဲ့ ထွက်လာရသလား ဆူပြောမိတော့ သမီးက ကိုယ့်လမ်းကိုယ်လျှောက်ပါသည် ..

🌻ဇာမဏီ၏ချစ်ပုံပြင်🌻Dove le storie prendono vita. Scoprilo ora